အိုင်ဗရီကို့စ်မှာ စစ်သားတွေ အစိုးရကို ပုန်ကန်ဆန္ဒပြ



ဒီစစ်သားတွေဟာ သူပုန်ဘဝကနေ လာတဲ့ စစ်သားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က တပ်တွင်း ပုန်ကန်မှု လုပ်ခဲ့
အိုင်ဗရီကို့စ်အစိုးရစစ်သားတွေက ဆုကြေးတောင်းဆိုချက်ကို ရုတ်သိမ်းလိုက်ကြောင်း အစိုးရက ရုတ်တရက် ကြေညာခဲ့အပြီးမှာ မကျေနပ်တဲ့ စစ်သားတွေက သေနတ် ပစ်ဖောက်ခဲ့ကြပြီး လမ်းတွေ ပိတ်ဆို့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံရဲ့ မြို့တော် အဘစ်ဂျန်မှာ ရှိတဲ့ စစ်ဋ္ဌာနချုပ်နဲ့ တခြား မြို့ကြီးတွေမှာလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ စစ်သားတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆုကြေးတောင်းဆိုမှု ရုတ်သိမ်းလိုက်ကြောင်း ကြေညာမှုမှာ စစ်သားတွေကို မတိုင်ပင်ခဲ့တဲ့အတွက် မကျေနပ်ပဲ အခုလို ဆန္ဒပြ ပုန်ကန်မှုတွေ ပြုလုပ်နေတာလို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ဒီစစ်သားတွေဟာ သူပုန်ဘဝကနေ လာတဲ့ စစ်သားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က တပ်တွင်း ပုန်ကန်မှု လုပ်ခဲ့အပြီးမှာ အမေရိကန် ဒေါ်လာ ၈ ထောင် ဆုကြေးရဖို့ တောင်းဆိုထားခဲ့ကြတာ ဖြစ်ပြီး ဒီထဲက တချို့တဝက်ကို ဒီလမှာ ရဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.