စီအိုင်အေသတင်းပေးတွေကို သတ်ပစ်တဲ့သတင်းကြောင့် သူလျှိုရှင်းလင်းရေးလှုပ်ရှားမှုတွေအတွက် တရုတ်သတင်းစာ ချီးမွမ်း


မေ ၂၂ – တရုတ်က အမေရိကန်စီအိုင်အေရဲ့သတင်းပေး အရင်းအမြစ်တွေကို အယောက် ၂၀ လောက်အထိ သတ်ပစ်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်က ဖော်ပြခဲ့ပြီးနောက် တနင်္လာနေ့မှာ ဘေဂျင်းရဲ့နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာက တရုတ်ရဲ့သူလျှိုရှင်းလင်းရေး ကြိုးပမ်းမှုတွေကို ချီးမွမ်းထောပနာပြုခဲ့ပါတယ်။

တရုတ်က ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီအတွက် သတင်းပေးပို့ နေတဲ့သူတွေကို သတ်ပစ်ခဲ့လို့ နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ရတဲ့ ကွန်ရက်တစ်ခုပျက်ယွင်းခဲ့ရတယ်လို့ နယူးယောက်တိုင်းမ်က ပြောခဲ့ပါတယ်။ တရုတ်ရဲ့ ဂလိုဘယ်တိုင်းမ်ကတော့ သည်သတင်းသာအမှန်ဆိုရင် တရုတ်ပြည်အတွက် အောင်ပွဲတစ်ခုပဲလို့ တရုတ်ဘာသာနဲ့အင်္ဂလိပ်ဘာသာ ဗားရှင်းတွေမှာ အယ်ဒီတာ့အာဘော်အတွင်း ဖော်ပြခဲ့ပါတယ်။ “ဒီသတင်းက အမှန်တွေဖြစ်ရင် တရုတ်ရဲကသူလျှိုရှင်းလင်းရေးလှုပ်ရှားမှုတွေကို ချီးကျူးရမှာပဲ။ စီအိုင်အေရဲ့ သူလျှိုကွန်ရက် ပြိုပျက်ရတာတင်မကဘူး။ ဘာတွေဖြစ်သွားတာလဲ၊ သူလျှိုကွန်ရက်ရဲ့ ဘယ်အပိုင်းမှာ မှားယွင်းနေလဲဆိုတာ ဝါရှင်တန်လည်း မသိခဲ့ဘူး။ ဒါလုံးဝကို သိမ်းကြုံးအနိုင်ရလိုက်တာပဲ။ စီအိုင်အေက တရုတ်မှာ သူလျှိုကွန်ရက်ပြန်တည်ဆောက်ဖို့ ကြိုးစားခဲ့ရင်တောင်မှ အလားတူရလဒ်ကိုပဲ ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်နိုင်ပါတယ်” လို့ ဂလိုဘယ်တိုင်းမ်က ဆိုပါတယ်။

ဒါပေမယ့် သည်သတင်းမှာ တစ်စိတ်တစ်ပိုင်းကတော့ အမှားကြီးပါလို့ တရုတ်သတင်းစာက ပြောပါတယ်။ အစိုးရတရားရုံးဝင်းအတွင်းမှာ သတင်းရင်းမြစ်တစ်ယောက် ပစ်သတ်ခံရတယ်ဆိုတဲ့ကိစ္စဟာ လုပ်ကြံဇာတ်လမ်း ဆိုတာ ရှင်းနေသလို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ အမေရိကန်အတွေးနဲ့ဇာတ်လမ်း ဖြစ်ဖို့ များတယ်လို့လည်း သတင်းစာက ဆိုပါတယ်။ သည်သတင်းကို တရုတ်အစိုးရဘက်ကတော့ တုံ့ပြန်မှုမရှိသေးပါဘူး။ နယူးယောက်တိုင်းမ်ဝက်ဘ်ဆိုက်ကို တရုတ်ပြည်မှာ ပိတ်ပင်ထားပေမယ့် သည်သတင်းအကြောင်းကိုတော့ တရုတ်မီဒီယာတွေမှာ အတော်လေး ဆွေးနွေးပြောဆိုနေကြတာဖြစ်ပါတယ်။ သည်သတင်းကြောင့် Weibo လူမှုမီဒီယာအသုံးပြုသူတွေဆီက မှတ်ချက်ပြောဆိုမှုဂယက်ရိုက်လျက်ရှိပြီး အတော်များများက သူလျှိုကွန်ရက်ပျက်စီးရမှုကို ဝမ်းသာနေကြပါတယ်။ “သစ္စာဖောက်သူလျှိုတွေကို ချသာချ။ နိုင်ငံ့လုံခြုံရေးကို ကာကွယ်ကြပါ” လို့ တချို့က ရေးသားခဲ့ပါတယ်။

YSD

Ref: Reuters, May-22, 2017
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.