ဒေါ်လာ တစ်ထောင်အောက် လက်မှုပစ္စည်းများ ပြည်ပ သယ်ခွင့်ပြုရန် စီစဉ်


အမှတ်တရပစ္စည်း ရောင်းချသည့်ဆိုင်များမှ ဝယ်ယူခဲ့သည့် အမေရိကန် ဒေါ်လာ တစ်ထောင်အောက် လက်မှုပစ္စည်းများကို ပြည်ပသို့ သယ်ယူခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းထံမှ သိရသည်။

ကျောက်မျက်ရတနာ အပါအဝင် အမှတ်တရ ပစ္စည်းများကို ဘောက်ချာ (Cash Memory) ဖြင့် ပြည်ပသို့ သယ်ယူခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

“ဒီနှစ် မိုးရာသီကာ ခရီးသွားရာသီမှာ ဘောက်ချာ (Cash Memory) ထုတ်ဖို့ စီစဉ်ထားတယ်။ ဟိုတယ်ခရီးက ခွင့်ပြုပြီးပြီ။ သက်ဆိုင်ရာ ဝန်ကြီဌာနနဲ့လည်း ညှိနှိုင်းပြီးပြီ ဘောက်ချာစာအုပ် ထုတ်ဝေဖို့ပဲ ကျန်တော့တယ်”ဟု ၎င်းက ရှင်းပြသည်။

အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အနေနှင့် လက်ရှိတွင် ကျောက်မျက်နှင့် သက်ဆိုင်သော ပစ္စည်းများအတွက် အမြတ်ငွေထဲမှ ၁၀ ရာခိုင်နှုန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပြန်လည် ပေးဆောင်ရပြီး သမဝါယမက သတ်မှတ်ထားသည့် ပစ္စည်းများအတွက် တစ်ရာခိုင်နှုန်း ပေးဆောင်ရကြောင်း အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများထံမှ သိရသည်။

အသင်းအနေနှင့် ခွင့်ပြထားသည့် ဘောက်ချာစာအုပ်များ ထုတ်ဝေပြီးပါက ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းသော ရာခိုင်နှုန်းတစ်ခု သတ်မှတ်ကာ ခရီးသွားလုပ်ငန်း ရန်ပုံငွေအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဦးသန်းဝင်းက ထပ်လောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာက အမှတ်တရပစ္စည်း ဝယ်ရင် အခြားနိုင်ငံတွေထက် ဈေးအကြီးဆုံးဖြစ်နေတယ်။ ပြည်ပကို ယူသွားရင်လည်း အခက်အခဲတွေ ရှိနေတယ်။ ဒါကြောင့် အခုလို ထုတ်ပေးနိုင်ရင် ကောင်းပါတယ်။ အခွန်ရှောင်မှုတွေ နည်းအောင်တော့ ကြပ်မတ်ဖို့လိုပါတယ်”ဟု ဂျပန်ဘာသာဖြင့် ဧည့်လမ်းညွှန် လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် သမဝါယမနှင့် ကျောက်မျက်ဌာနက ထုတ်ပေးထားသော ဘောက်ချာတို့ဖြင့် ပြည်ပသို့ အမှတ်တရပစ္စည်းများ သယ်ယူခွင့်ရှိပြီး မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းက ရောင်းချသည့် ဘောက်ချာဖြင့် သယ်ယူ၍ မရသေးကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

===========

The Voice

ဓါတ်ပုံ - ဧရာဝတီ

http://thevoicemyanmar.com/news/8694-dlt
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.