တရုတ်နိုင်ငံမှဝယ်ယူထားသည့် ဒီဇယ်ရထားစက်ခေါင်းများ ရောက်ရှိ


မြန်မာ့မီးရထားအတွက် တောင်ပေါ်လမ်းနှင့် မြေပြန့် ရထားလမ်းပိုင်းများတွင်ပါ အသုံးပြုနိုင်သည့် ဒီဇယ်ရထားစက်ခေါင်းများ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တရုတ်နိုင်ငံ ဒါလီယန်ကုမ္ပဏီမှ ဝယ်ယူထားသော မြင်းကောင်ရေ ၂ဝဝဝ အားရှိ ခေတ်မီ ဒီဇယ် လျှပ်စစ်စက်ခေါင်း ငါးခေါင်းမှာ ဒါဆောင်းသင်္ဘောဖြင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေ ၁ ရက်တွင် ရောက်ရှိ လာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်္ဘောပေါ်မှ စတင်သယ်ချခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ စက်ခေါင်း ၂၂ ခေါင်း မှာယူခဲ့ရာတွင် ပထမအကြိမ်အဖြစ် စက်ခေါင်း ခုနစ်ခေါင်း ရောက်ရှိခဲ့ပြီးဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမှတ်(၅)အဆန်၊ အမှတ် (၆)အစုန် ရထားများတွင်လည်းကောင်း၊ ရန်ကုန်- ပြည် လမ်းပိုင်းရှိ အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် ရထားများတွင်လည်းကောင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ယခု ထပ်မံရောက်ရှိလာသော စက်ခေါင်း ငါးခေါင်းသည် တောင်ပေါ်လမ်းပိုင်း၊ မြေပြန့်လမ်းပိုင်းများတွင်ပါ ပြေးဆွဲနိုင်သည့် ခေတ်မီစက်ခေါင်းများဖြစ်ပြီး လိုအပ်သည့် ရထားလမ်းပိုင်းများတွင် ဖြည့်တင်းအသုံးပြုသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။ ယင်းအပြင် ကျန်ရှိနေသေးသော စက်ခေါင်း ၁ဝ ခေါင်းကို နေပြည်တော် စက်ခေါင်းတည်ဆောက်ရေးစက်ရုံတွင် တပ်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
=========
The Mirror Daily
The Mirror Daily
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.