ငွေကျပ် ၁၆၂ သိန်းကျော်အား လုယက်မှုစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်


နေပြည်တော် မေ ၁ဝ

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာရှိ ပက်စ်မြန်မာချေးငွေ လုပ်ငန်းမှ ချေးငွေအရာရှိ ဦးဝင်းဘိုသည် စာရင်းစစ် မဟေမာလွင်အား တင်ဆောင်ပြီး မေ ၅ ရက်နံနက် ၁၁ နာရီခွဲတွင် ဝါးကြီးအိုင်ရွာမှ ဂွေးချိုရွာ ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် နတ်ရွာကျေးရွာ လမ်းခွဲအရောက်၌ လမ်းဘေးချုံပုတ်အတွင်းမှ အမျိုးသား သုံးဦးက ဆိုင်ကယ်အား တားဆီးကာ ပက်စ်မြန်မာရုံးချေးငွေကျပ် ၁၆၂ သိန်း၊ ကိုယ်ပိုင်ငွေကျပ် ၁၈ဝဝဝဝ၊ ဘဏ်စာအုပ် နှစ်အုပ်၊ ATMကတ်တစ်ခုနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ ထည့်ထားသည့်ကျောပိုး အိတ်ကို လုယူထွက်ပြေး ခဲ့သည်။

ယင်းလုယက်မှုအား အရေးယူပေးရန် တိုင်တန်းခဲ့ရာ ဝါးကြီးအိုင်နယ်မြေရဲစခန်း (ပ)၆/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ တရားခံအား ဖမ်းဆီးရမိ ရေးအတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန် သူများဖြစ်သော မြို့သစ်မြို့နယ် ဂွေးချိုအနောက်ကျေးရွာနေ ဝင်းကြိုင်၊ သန်းဌေး(ခ)သန်းထွန်းဦးနှင့် ဘိုဌေးတို့ သုံးဦးအား ပြစ်မှုကျူးလွန်ပြီး ခြောက်နာရီအတွင်း လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဓားနှစ်ချာင်း၊ ဆိုင်ကယ် နှစ်စီး၊ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဆက်လက်စစ်ဆေးမှု များပြုလုပ်ခဲ့ ရာ ၎င်းတို့ သုံးဦးသည် နေပြည်တော် မြို့သစ်ကားလမ်းဘေးမှ ဆိုင်ကယ် သုံးစီး၊ တောင်တွင်းကြီး မြို့နယ်မှ ဆိုင်ကယ် ငါးစီးနှင့် နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်တို့မှ ဆိုင်ကယ် နှစ်စီး စုစုပေါင်း ဆိုင်ကယ် ၁ဝ စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ဆိုင်ကယ်များ သိမ်းဆည်းပြီး ၎င်းတို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ထပ်မံအမှုဖွင့် ၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.