ကျောက်ဖြူမြို့ ရေလုပ်သားများ စက်လှေအစီး ၂၀၀ ကျော်ဖြင့် ရေပေါ် ဆန္ဒပြပွဲ



တရုတ်ရေနံတင် သဘောင်္ကြီးများ ၀င်ထွက်သွားလာမှုကြောင့် ငါးဖမ်း လုပ်ငန်း ထိခိုက်သည်ဟုဆိုကာ ရေလုပ်သားများ ၀ိုင်းဝန်း ဆန္ဒပြ
သက်နိုင်၊ မေလ ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြစ်ကြောင်းအတွင်း တရုတ်ရေနံတင် သဘောင်္များ ဝင်ထွက်သွားလာမှု များလာသဖြင့် ဒေသခံရေ လုပ်သားများ၏ ငါးဖမ်းလုပ်ငန်းကို ထိခိုက်လာသောကြောင့် မေလ ၂၂ ရက်နေ့ နေ့ လည် ၁၂ နာရီအချိန် တွင်ကျောက်ဖြူ ဂျပန်းမ ဆိပ်ကမ်းမှနေ မဒေး တရုတ်ရေ နံတင် သင်္ဘော ဆိပ်ကမ်းအထိ စက်လှေ အစီး ၂၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော် နေကြ ကြောင်းသိရသည်။

တရုတ်ရေနံတင် သင်္ဘော များသွားလာခြင်းကြောင့် အဆိုပါ မြစ်ကြောင်း တစ်လျောက် တွင် လုပ်ကိုင်စားသောက် နေကြသည့် ဒေသခံများ၏စား ဝတ်နေရေးနှင့် အလုပ်အကိုင်များ ခက်ခဲ့လာမှုကြောင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ကျောက်ဖြူရေလုပ်သမားများက ပြောသည်။

“ တရုတ်ရေနံတင် သင်္ဘောတွေ က ဒီမြစ်ကြောင်းတစ်လျောက်မှာ အယင်ကထက် အဝင်အထွက် များလာတယ်။ သင်္ဘောဝင်ချိန်မှာ မြစ်ကြောင်း မှာ ငါးမဖမ်းရ သင်္ဘောတွေ၊ စက်လှေတွေ၊ အဝင်အတွက် မလုပ်ရဆြိုပီးတော့ ထွေအုပ်ကနေ အမိန့်ထုတ်ထားတယ်။ ဒီမြစ် ကို မှီခိုပြီးတော့ ဒီမှာ လုပ်စားနေတဲ့ သူတွေ မြစ်တွင်းကို ဝင်ပြီး ငါးမဖမ်းရ ဆိုတော့ ကျွန်တော်တို့ဘာ နဲ့ထမင်းသွားစားမှာလဲ။ ကလေးတွေ ကျောင်းစရိုတ် က ဘယ်လိုပေး မှာလဲ။ နောက်တစ်ခု က ဒီမှာ ငါးဖမ်းနေတဲ့ သူတွေက ငါးပဲဖမ်းတတ်တာ တစ်ခြားအလုပ် ပြောင်းလုပ်မယ် ဆိုတာ ကလည်း မဖြစ်နိုင်ဘူးလေ။ အခုလည်း အစပဲရှိသေးတယ်။ ဒီလောက်အခက်အခဲ ဖြစ်နေတာ နောက်ဆို ကျွန် တော်တို့က ငတ်ပြီးသေရုံပဲ ရှိမှာပေါ့ ဒါကြောင့် ကျွန်တော် တို့က အခုလို ဆန္ဒ ထုတ်ဖော်ရတာ ဖြစ်တယ် ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ကိုမောင်မြင့် ကပြောသည်။


အဆိုပါ ဆန္ဒ ထုတ်ဖော်ရာတွင် ကျောက်ဖြူ မြစ်ကြောင်း တစ်လျောက်တွင် ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကြောင်း ပြုနေရသည့် ကျောက်ဖြူ၊ သစ်ပုတ်တောင်၊ စစ်တော၊ ကြံချိုင်၊ မဒေးကျွန်း၊ စသည့် မြို့နယ်၊ ကျေးရွာ များမှ ဒေသခံများ အပါအဝင် စက်လှေအစီး ၂၀၀ ဖြင့် လူဦးရေ ၄၀၀ ခန့် ဆန္ဒထုတ်ဖော် နေကြကြောင်းသိရသည်။

ယင်းဆန္ဒ ထုတ်ဖော် ရာတွင် “ဤမြစ်သည်ငါ တို့၏ အနာဂတ်ဖြစ်သည်” “ဒေသခံရေ လုပ်သားများ၏ အခက်အခဲ ပြေရှင်းပေးပါ ” “ဤမြစ်သည် ငါတို့၏ အသက်စည်းစိမ်ဖြစ်သည်” “ကျောက်ဖြူမြစ်ကြောင်းသည် ငါတို့၏ ဘဝဖြစ်သည်”စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် ကျောက်ဖြူ ဆိပ်ကမ်းမှ မဒေးကျွန်းရေနံတင် သင်္ဘော ဆိပ်ကမ်း အထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မဒေးကျွန်းပေါ်ရှိ ကျောက်းတန်းကျေးရွာမှ တရုတ်CNPC ကုမ္ပဏီရုံးရှေ့အထိ လမ်းလျှောက် ချီတက်ဆန္ဒ ထုတ်ဖော်နေကြကြောင်းသိရသည်။

ဓာတ်ပုံ ၊ ကိုထွန်းကြည်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.