ဘူးသီးတောင်မှာ ပေါက်ကွဲမှုဖြစ်၊ ၂ ဦးသေ ၃ ဦး ဒဏ်ရာရ


ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှ သိမ်းဆည်းရရှိတဲ့ သက်သေခံပစ္စည်းတွေကို တွေ့ရစဉ်
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှ သိမ်းဆည်းရရှိတဲ့ သက်သေခံပစ္စည်းတွေကို တွေ့ရစဉ်
Photo: State Counsellor Office Information FB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီရွာအနောက်ဘက် တောစပ်မှာ မေ ၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ လောက်က လက်လုပ်မိုင်းပေါက်ကွဲလို့ အမျိုးသား၂ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင် ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီဖြစ်ရပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးရှင်းလင်းခဲ့တဲ့အခါ မေ ၇ ရက်နေ့မွန်းလွဲပိုင်းမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့ တဲ့နေရာမှာ ပလပ်စတစ်အိပ်နဲ့ ထည့်ထားတဲ့ ယမ်း၊ ကန့်၊ မီးသွေးမှုန့်တို့ ရောစပ်ထားတဲ့အထုပ် ၁ ထုပ်၊ လက်လုပ် မိုင်း ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ မီးသွေး၊ ယမ်းမှုန့် ၂ ထုပ်၊ ကားပစ္စတင်ခွံ ၁၀ ခု၊ မိုးကာခင်း ၅ချပ်၊ မီးလောင်ထားတဲ့ ရှပ်အကျီင်္ိ ၁ ထည်၊ မိုးကာစ ၁ ချပ်၊ ခြင်ထောင် ၄ လုံး၊ စောင် ၂ထည် တို့ကို သိမ်းဆည်းရမိခဲ့သလို၊ ခုတ်ထွင် ရှင်းလင်းထားတဲ့ မြေ ၂ နေရာကိုလည်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.