လက်ကိုင်ဖုန်းလိုက်လံ ရောင်းချနေသူများအား စစ်မေးရာ အခြားခိုးမှုငါးမှု ဖော်ထုတ်နို


ရန်ကုန် - မေ ၆

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် စွန်ရဲစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ၂၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်တံတား မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်တံတားမြို့နယ် အမှတ်(၄ )ရပ်ကွက် ပန်းဆိုးတန်းခုံးကျော်တံတားအောက်တွင် လက်ကိုင်ဖုန်းတစ်လုံးအား လိုက်လံ ရောင်းချနေသော မင်္ဂလာတောင်ညွန့်မြို့နယ်နေ စားဖား(ခ)နေလင်းအောင်၊ ဆိုက်ပိ(ခ)ရှိုင်းထက်အောင်နှင့် ကုလား(ခ)သန့်ဇင်ဝင်းတို့အား ထိန်းသိမ်း စစ်မေးခဲ့ရာ ¤င်းတို့ထံမှတွေ့ရှိသော Huawei GR 5 လက်ကိုင်ဖုန်းနှင့်ပတ်သက် ၍ ခိုင်လုံစွာ ပြောဆိုနိုင်ခြင်းမရှိသဖြင့် ကျောက်တံတားမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

အဆိုပါ သုံးဦးအား အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိ စစ်ဆေးရာ၎င်းတို့သည် မတ်လအတွင်းက ညအချိန်များတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်ချုပ်လမ်း ဘူတာကြီးဘက်ခြမ်းခုံးတံတားတွင် အမျိုးသားအား ဓားဖြင့် ထောက်၍ံ Huawei GR 5 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ၄င်းနေရာ၌ပင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထောက်၍ Huawei GR 5 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ည ၁၁ နာရီခန့်တွင် အဆိုပါနေရာ၌ အသက်(၃ဝ) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ Huawei 610 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ကမ်းနားလမ်း ဗိုလ်တထောင်ဘုရားအနီး အသက်(၄ဝ) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှHonor အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ၄င်းတို့ သုံးဦးသည် ဇော်ရန်နိုင်၊ မခင်ခင်ဆင့်တို့နှင့်အတူ ဧပြီ ၂၇ ရက် ည ၉ နာရီခန့် တွင် ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်း၌ အမျိုးသားတစ်ဦးအား ဓားဖြင့် ထောက်၍ ပိုက်ဆံအိတ်နှင့် Oppoအမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ နံနက် ၂ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးဘက်ခြမ်း ခုံးတံတား အဆင်း၌ အမျိုးသားတစ်ဦးထံမှKenbo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး တို့ကို လုယက်ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဇော်ရန်နိုင်နှင့် ခင်ခင်ဆင့်တို့အား ထပ်မံဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံဓားနှင့် လက်ကိုင်ဖုန်းများအား ပြန်လည်သိမ်းဆည်းကာ သက်ဆိုင် ရာ ရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည့်အပြင် လက်နက်အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.