မြေထဲပင်လယ် အား ဖြတ်ကျော်ရန် ကြိုးစားသူ ၂၄၅ဦး သေဆုံး



အနောက်နိုင်ငံသို့ ရောက်ရှိရန် ပင်လယ်ဖြတ်ကျော်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များအားတွေ့ရစဉ် (ဆင်ဟွာ)
    ကုလသမဂ္ဂ၊ မေ ၁၀ ရက် (ဆင်ဟွာ)

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က မြေထဲပင်လယ်အား ဖြတ်ကျော်ရန် ကြိုးစားစဉ် လူ ၂၄၅ဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ က မေ ၉ ရက် တွင်ပြောကြားခဲ့သည်။

အေဂျင်စီ အနေဖြင့် မြေထဲပင်လယ် အလယ်ပိုင်းတွင် သင်္ဘောတိမ်းမှောက်မှု နှစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက “ပထမသင်္ဘောမှောက်မှုဟာ မေလ ၅ ရက်နေ့ ညမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၂ယောက်လောက် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်။ တခြားသင်္ဘောတိမ်းမှောက်မှုကတော့ လစ်ဗျား ကမ်းရိုးတန်းအလွန်မှာ မေ ၇ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁၆၃ယောက် ခန့် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်” ဟုပြောကြားခဲ့သည်။

ယင်းသင်္ဘောတိမ်းမှောက်မှုများကြောင့် ၂၀၁၇ခုနှစ် အစောပိုင်းက စ၍ အာဖရိကမြောက်ပိုင်းမှ အီတလီနိုင်ငံသို့ သွားရောက်ရန် ကြိုးစားရင်း သေဆုံး (သို့) ပျောက်ဆုံးနေသူ အရေအတွက် ၁၃၀၀ကျော်ရှိလာကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က ၂၀၁၇ခုနှစ် ယခုလ အထိ ရွှေ့ပြောင်းဒုက္ခသည် နှင့် ခိုလှုံခွင့်တောင်းခံသူ ၄၃,၀၀၀ကျော်သည် အီတလီနိုင်ငံသို့ရောက်ရှိရန် မြေထဲပင်လယ် အလယ်ပိုင်း လမ်းကြောင်းကို အသုံးပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.