ဘိုကိုဟာရမ်စစ်သွေးကြွများက လေးနှစ်အတွင်း ကလေးငယ် ၃၉ဝဝ သတ်ဖြတ်


နယူးယောက် မေ ၆

လေးနှစ်တာကာလအတွင်း ကလေးသူငယ် ၃၉ဝဝ ခန့်ကို သတ်ဖြတ်ခဲ့သည့် နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် အစ္စလာမ္မစ်အစွန်းရောက် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ကို ကုလသမဂ္ဂအဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ကြီးက နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ကလေးသူငယ်များအရေးနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၆ ဒီဇင်ဘာလအတွင်း ဘိုကိုဟာရမ်အဖွဲ့သည် ကလေးသူငယ် ၃၉ဝဝ ကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ကလေးငယ် ၇၃ဝဝ သည် သေရာပါမည့်ကိုယ်လက်အင်္ဂါချို့တဲ့သည့် ဒဏ်ရာများရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မိန်းကလေးငယ် ၇ဝ အပါအဝင် ကလေးငယ် ၉ဝ သည် အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှု ၅၆ ခုတွင် အသုံးချခံခဲ့ကြရသည်။ ၂ဝဝ၉ ခုနှစ်ကတည်းက မိန်းကလေးငယ်များနှင့် အမျိုးသမီး ၇ဝဝဝ ခန့်သည် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခံခဲ့ကြရသည်။ ဘိုကိုဟာရမ်အဖွဲ့က ၂ဝ၁၄ ခုနှစ်တွင် ကျောင်းသူ ၂ဝဝ ကျော်ကို ပြန်ပေးဆွဲခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်သော်နျူး ဂူးတဲလ် ရက်ရှ်က နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများကို နှိမ်နင်းတိုက်ခိုက်သည့် စစ်ပွဲများအတွင်း ကလေးသူငယ်များ ထိခိုက်မှုမရှိအောင်ဆောင်ရွက်ရန် တိုက်တွန်းထားသည်ဟု အစီရင်ခံစာတွင် ဖောပြထားသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.