ပြင်သစ်သမ္မတသစ် အီမန်နျူရယ်မက်ခရွန်နှင့် မိခင်အရွယ် ဇနီး ဘရစ်ဂျတ်ထရော့ဂ်နူး

ပြင်သစ်သမ္မတသစ် အီမန်နျူရယ်မက်ခရွန်သည် အသက် ၃၉ နှစ်သာရှိသေးသည်။ ပြင်သစ်သမိုင်းတွင်နပိုလီယန်လက်ထက်မှစ၍ ယနေ့ချိန်အထိ အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။ ထိုအချက်သည် သတင်းမဟုတ်သေး။

First Lady ဖြစ်လာမည့် ဇနီးသည် ဘရစ်ဂျတ်ထရော့ဂ်နူးသည် လွန်ခဲ့သော ၂၄ နှစ်က မက်ခရွန်၏ ဆရာမဖြစ်သည်။ ဆရာမ၏သမီးနှင့် မက်ခရွန်တို့သည် တတန်းတည်း တခန်းတည်း၌ ပညာသင်ကြားခဲ့ကြသူမျာဖြစ်သည်။ ဆရာမ၏သမီးနဲ့ မက်ခရွန် စုံတွဲခုတ်နေသည်ဟု အားလုံးက ထင်ထားခဲ့သည်။ အားလုံး မှားခဲ့ကြသည်။

၁၅ နှစ်သား မက်ခရွန်၏နှလုံးသား၌နေရာယူထားသူမှာ ဆရာမ ဘရစ်ဂျတ်ပဲဖြစ်ပြီး ထိုစဉ်က သူမတွင် ကလေး သုံးယောက်နှင့် မိသားစုဘ၀တခုကို ပိုင်ဆိုင်ထားသည်။ မက်ခရွန် အသက် ၁၇ နှစ်တွင် ဘရစ်ဂျတ်ထံ လက်ထပ်ခွင့်တောင်းသည်။ ထိုအချိန်တွင် သူမမှာ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သည်။

၂၀၀၇ ခုနှစ် မက်ခရွန် အသက် ၃၀ အရောက်တွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။ ဘရစ်ဂျတ်၏အသက်မှာ ၅၅ နှစ်နီးနီးဖြစ်နေပြီ။

မက်ခရွန် အသက် ၄၀ ပြည့်ဖို့ ၆ လအလိုတွင် သမ္မတလောင်းအဖြစ် ကျမ်းသစ္စာကျိမ်ဆိုတော့မည်ဖြစ်သည်။ ဇနီးသည် ဘရစ်ဂျတ်မှာ ယခုအခါ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး သူမတွင် ကလေး ၃ ယောက်နှင့် မြေး ၇ ယောက်ရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.