ဦးဝိရသူနှင့် ပတ်သက်၍ ဓမ္မနှင့် အဓမ္မခွဲခြားပေးရန် သံဃမဟာ နာယကသို့ လက်မှတ်များ ထပ်တင်မည်


အဓ္ဓမဝါဒဆန့်ကျင်ရေး ကော်မတီမှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ဦးဝီရသူ၏ ဟောပြောလုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် လက်မှတ်များ ဒုတိယအကြိမ်ပေးပို့သွားမည်ဟု ယင်းကော်မတီ ဦးဆောင်တည်ထောင်သူ ကိုမြတ်ကျော်က ပြောသည်။ ''ကျွန်တော်တို့ ရန်ကုန်တိုင်းတစ်တိုင်းလုံးက မြို့နယ်တွေမှာ ဖြန့်ပြီးတော့ လက်မှတ် တွေစုပြီး ဦးဝီရသူရဲ့ လုပ်ဆောင်နေမှုတွေဟာ ဓမ္မလား၊ အဓမ္မလား ခွဲခြားဖို့ထပ်ပြီးပို့မှာပါ။ ဆက်ပြီးတော့လဲ လုပ်ဖို့ရှိပါတယ်''ဟု ၎င်းကဆိုသည်။

အဆိုပါ ကော်မတီမှ ဧပြီ၎ ရက်က ဦးဝီရသူ၏ ဟောပြောလုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပထမ အကြိမ်ပေးပို့ခဲ့ပြီး အကြောင်းမပြန်ကြားသေးသည့်အတွက် ထပ်မံ၍လက်မှတ်များ စုဆောင်းပြီး ပေးပို့လျှောက်ထားခြင်း ဖြစ်သည်။ ''သံဃမဟာနာယကက ဘာလို့ ဓမ္မလား၊ အဓမ္မလား မခွဲခြားပေးတာပေါ့ ကျွန်တော်တို့လဲ သေချာတော့မသိဘူး။ ဓမ္မလား၊ အဓမ္မလား ကြေညာလေ။ မကြေညာလဲ နေနိုင်တာပဲ။ ကျွန်တော်တို့က သာမန်လူတွေ။ နိုင်ငံ တော်သံဃာ့မဟာနာယကက ဆရာတော် တွေဆိုတာ ဂုဏ်သိက္ခာကြီးမားတယ်။ ဝိနည်းသိက္ခာပုဒ်တွေ ကျွမ်းကျင်တယ်။ ဗုဒ္ဓဒေသ နာတော်တွေကို နားလည်တယ်။ ဘာလို့ မကြေညာလဲဆိုတာတော့ အတတ်မပြောတတ်ဘူး''ဟု ကိုမြတ်ကျော်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် နိုင်ငံတော် သံဃမဟာနာယကထံသို့ ဦးဝီရသူ၏ ပြောဆိုဆောင်ရွက်ချက်များသည် ဓမ္မ(သို့မဟုတ်)အဓမ္မ ခွဲခြားကြေညာ ပေးပါရန်ခေါင်းစဉ်ဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်၊ လက်မှတ်ပါ လက်မှတ်စာရွက်များဖြန့်ဝေပြီး ကောက်ခံရန်စီ စဉ်ထားပြီး အချိန်၊ နေရာ၊ နေရက်များအား အတိအကျ ထပ်မံကြေညာမည်ဟုသိရသည်။ နိုင်ငံတော် သံဃမဟာနာယကထံသို့ ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များသည် ဓမ္မ/အဓမ္မခွဲခြား ကြေညာပေးရန် ပြည်သူလူထု၏ လက်မှတ်များရေးထိုး၍ ပေးပို့လျှောက်ထားတောင်းဆိုထားမှုနှင့် အခြေအနေအရပ်ရပ်အား အဓမ္မဆန့်ကျင်ရေး ကော်မတီမှ မေ၉ရက်က ရန်ကုန်မြို့၊ တော် ဝင်နှင်းဆီစားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး လက်မှတ်များကို ယခုလကုန်ပိုင်းတွင် စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။



စည်သူကျော်

#theyangontimes
Yangon Media Group
Labels:

Post a Comment

  1. =ဘုရားရှင်တော်မြတ်သည်ပင်လျှင်သူယုတ်တို့ကကောက်ကျစ်သော
    အကြံနှင့်မေးတာကိုအဆုံးဖြတ်မပေးခဲ့ပါ=
    အဓမ္မဝါဒဆန့်ကျင်တယ်ဆိုရင်ကိုးနှစ်သမီးကိုပန်းဦးလွှတ်ခဲ့တဲ့အရှေ့အလယ်
    ပိုင်းသဲတောကအရည်းကြီးနောက်လိုက်နေ့တိုင်းယာဇ်ပူဇော်သူတွေ
    ကိုဆန့်ကျင်ရမှာပေါ့
    စိတ်ထားမြင့်မြတ်လှတဲ့အလောင်းမင်းတရားကြီးဦးအောင်ဇေယ
    ဟာဒီလိုယုတ်ညံ့တဲ့ယာဇ်ပူဇော်တာတွေကိုတားမြစ်ခဲ့ပါတယ်
    ဦးအောင်ဇေယသည်ခေတ်ရှေ့ပြေးဘုရင်တပါးဖြစ်တော်မူခဲ့ပါတယ်
    လူမိုက်တွေဟာယာဇ်ပူဇော်သူတွေကိုတော့ချစ်ကြိုက်သစ္စာခံအကာ
    အကွယ်ပေးနေပြီးယာဇ်ပူဇော်သူလူမိုက်တွေကိုဘုရားဟောအတိုင်း
    ရှောင်ဖို့သတိပေးတဲ့သံဃာကိုတော့ပြစ်မှားနေပါတယ်

    အကောင်လေးတွေကိုစာနာစိတ်နည်းနည်းရှိယင်တောင်ယာဇ်ပူဇော်
    သူလူမိုက်တွေနှင့်သူ့အသက်မသတ်တဲ့သံဃာဘယ်ဟာကိုဆန့်ကျင်
    ရမယ်ဆိုတာသိမှာပါ၊ကိုယ်ကျင့်သီလချင်းကမိုးနှင့်မြေလိုကွာပါတယ်
    နောက်ဆုံးတော့တူရာစုကြတာပါပဲ

    လည်လှီးကွန်မြူနစ်ကိုလေးစားဦးထိပ်ထားကာ၊ယာဇ်ပူဇော်နေတဲ့
    လူမိုက်တွေကိုတော့စရိုက်တူလို့ချစ်ကြိုက်သစ္စာခံအကာအကွယ်ပေးနေပြီး
    သူ့အသက်မသတ်တဲ့သံဃာကိုပြစ်မှားနေကြတာကိုကြည့်ရင်
    သူယုတ်အဖွဲ့ချုပ်ကြီးဆိုတာသိသာပါတယ်
    (အလိမ်ခံရပြီးအဲဒီအဖွဲ့ထဲရောက်နေတဲ့လူကောင်းတွေကိုမဆိုလိုပါသို့သော်
    သူတို့လည်းသာသနာနိမ့်ကျစေတာတွေကိုမဆုံးမကြပါ)
    ဒီလူတွေပဲအာဇာနည်နေ့မှာသင်္ကန်းဝတ်ကကွန်မြူနစ်နှင့်(((ဘာသာခြား)))
    တို့ကိုဦးညွှတ်အရိုသေပေးအလေးပြုနေပုံတွေနှင့်နိုင်ငံရေးအရဝါဒဖြန့်ခဲ့ကြပါတယ်
    ဒါဟာသာသနာနှင့်သင်္ကန်းကိုကမ္ဘာ့အလယ်မှာဆိုးဆိုးဝါးဝါးနိမ့်ကျစေပါတယ်
    =သင်္ကန်းသုံးပြီးပြက်လုံးထုတ်တဲ့လူပြက်တွေထက်အများကြီးဆိုးပါတယ်=
    =သီတင်းစာပေါ်ကဘုရားစာကိုဖယ်လိုက်တာထက်လည်းဆိုးပါတယ်=
    လူအများကိုအတွေးမှားအမြင်မှားတွေဖြစ်စေတဲ့သက်သေတွေပါ
    သင်္ကန်းဝတ်ကလူဝတ်(ကွန်မြူနစ်နှင့်ဘာသာခြား)ကိုအလေးပြုလာ
    သည်အထိဆိုးဆိုးဝါးဝါးဖြစ်နေတာကိုကန့်ကွက်သူမရှိလက်ခံလာကြတော့
    သွေးနထင်ရောက်ငါတို့လုပ်ချင်ရာလုပ်လို့ရပြီဆိုပြီး
    သတင်းစာပေါ်ကဘုရားဆုံးမစာတွေကိုဘာသာအားလုံးတန်းတူညီရေး
    ခေါင်းစဉ်အောက်မှာဖယ်ရှားခံရပါတယ်
    ပထွေးမကြိုက်မှာကြောင့်အဖေရင်းပုံကိုဖယ်ပြစ်သလိုပါပဲ
    သာသနာစောင့်သူတော်ကောင်းတို့ဝေဖန်ပြောဆိုမှု့ကြောင့်ပြန်တင်
    ထားရပါတယ်။သို့သော်အရှံးမခံကြော်ငြာပါလာပါတယ်
    မဘသကိုလည်းဖယ်ရှားဖို့ကြိုးစားပါတယ်
    သို့သော်ယာဇ်ပူဇော်သူလူမိုက်များကွန်မြူနစ်များနှင့်ပေါင်းကာ
    သင်္ကန်းဝတ်ကကွန်မြူနစ်နှင့်ဘာသာခြားတို့ကိုအလေးပြု
    အရိုသေပေးနေပုံတွေနှင့်မတန်မရာဝါဒဖြန့်နေသူတွေရဲ့
    ဂုံးတိုက်စကားကိုဆရာတော်ကြီးတွေလက်မခံခဲ့ပါ
    အခုလည်းထင်းချောင်းတစ်ချောင်းချင်းခွဲပြီးချိုးနေသလိုမျိုး
    သံဃာကိုဖယ်ရှားဖို့ကြိုးစားနေပါတယ်
    ယာဇ်ပူဇော်သူလူမိုက်တွေကိုရှောင်ဖို့သတိပေးသူတွေကိုတိုက်ခိုက်နေတယ်
    သူတို့ကိုယ်တိုင်ကတော့သင်္ကန်းဝတ်ကကွန်မြူနစ်နှင့်ဘာသာခြားတို့ကို
    အလေးပြုအရိုသေပေးနေပုံတွေနှင့်မတန်မရာဝါဒဖြန့်ပြီးသာသနာတော်ကို
    နိမ့်ကျစေခဲ့တယ်
    ဗုဒ္ဓဘာဝင်အစစ်တို့စည်းလုံးညီညွတ်မှသာသနာတည်တံ့မှာဖြစ်ပါတယ်

    ဒီလူတွေဟာဘုရားရှင်ဆုံးမခဲ့တဲ့လူမိုက်ကိုရှောင်ပါဆိုသည့်စကားကိုနားမထောင်
    ပဲကွန်မြူနစ်ကိုလေးစားဦးထိပ်ထားတယ်၊သူတို့ရုံးခန်းမှာထိပ်ဆုံးကပုံကိုကြည့်ပါ
    ဘာသာရေးသည်မူးယစ်ဆေးလို့ခံယူတဲ့ကွန်မြူနစ်တွေသံဃာကိုဆွမ်းမလောင်းနှင့်
    ဆိုတဲ့သူယုတ်တွေကိုတူရာစုဆိုသလိုပါတီထဲမှာလက်သပ်မွေးထားတယ်
    ယာဇ်ပူဇော်ပွဲတွေကိုသွားရောက်အားပေးပြီးစရိုက်တူစည်းလုံးကြောင်းပြတယ်
    =နောက်ဆုံးတော့ဒီအရှုပ်တွေဟာ
    ယာဇ်ပူဇော်တဲ့အယူလွဲကိုချစ်ကြိုက်သစ္စာခံခဲ့ပြီးရဟန်းရှင်လူမိဖပြည်သူတို့ကို
    မိဖမသင်ခဲ့လို့ဆိုသူ
    စံချိန်တင်အောင်အခါခါမျိုးမစောင့်ခဲ့သူရဲ့ထမီရိပ်ကိုမှခိုလှုံမော်ဖူးချင်ကြသူလူတွေ
    ကြောင့်ဖြစ်လာရတာပါ=

    (မှတ်ချက်-အခြားဘာသာလူမျိုးများအမည်ကိုသုံးစွဲမထားပါ)

    ReplyDelete

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.