အသီးအရွက်တွေ ပတ်ဝန်းကျင်မရွေး စိုက်ပျိုးနိုင်မယ့် နည်းပညာအသစ်ဂျပန်တီထွင်

မေ ၁၆ – ဂျပန်နိုင်ငံ၊ တိုကျိုမြို့ပြင်က တစ်နာရီခရီးအကွာလောက် မှာရှိတဲ့ မီဘိုင်အိုသုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာက ခရမ်းရောင်မီး အလင်းရှိစင်တစ်ခုပေါ်က ဗန်းပြားပြားလေးပေါ်မှာ မိုက်ခရိုဂရင်း လို့ခေါ်တဲ့သုပ်စားလို့ရတဲ့ မုန်လာပင်ပေါက်လိုမျိုး အပင်လေးတွေ ရှင်သန်နေတဲ့ စိုက်ခင်းငယ်လေးတစ်ခုရှိပါတယ်။ သည်မျိုးစေ့လေး တွေကိုမြေကြီးမလိုဘဲ အကြည်ရောင်ရှိတဲ့၊ ပါးလွှာတဲ့ ပိုလီမာအ ပြားတစ်ခုပေါ်မှာစိုက်ပျိုးထားတာပါ။

စုပ်ယူမှုအားကောင်းတဲ့ ဟိုက်ဒရိုဂျဲနဲ့လုပ်ထားတဲ့ သည်အပြားဟာအ ချင်းတစ်မီလီမီတာရဲ့တစ်သန်းပုံတစ်ပုံရှိတဲ့နာနိုအရွယ်အစားရှိ အပေါက်ငယ်လေးပေါင်းများစွာကနေရေနဲ့အာဟာရကိုစုပ်ယူပေးပါတယ်။

သည်အခင်းပြားပေါ်စိုက်ပျိုးနည်းဟာ မီဘိုင်အိုကို ၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဓာတုရူပ ပညာရှင် ယူချီမိုရီရဲ့ပင်ကိုစိတ်ကူးတစ် ခုဖြစ်ပါတယ်။

သည်ပိုလီမာအခင်းပြားရဲ့သေးငယ်လွန်းတဲ့အပေါက်လေးတွေဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကိုတားဆီးနိုင်တာကြောင့် အန္တရာယ်များတဲ့ ပိုးသတ်ဆေးတွေအသုံးပြုဖို့ လိုအပ်ချက်ကို ဖယ်ရှားပေးနိုင်မှာပါ။

မြေကြီးမလိုအပ်တာကြောင့် ကန္တာရတွေ၊ တိုက်ခေါင်မိုးတွေနဲ့ အဆိပ်သင့်မြေယာတွေလိုနေရာမျိုးတွေမှာတောင် ရေရှည်တည် တံ့မယ့်စိုက်ခင်းတွေကို တဖြည်းဖြည်းချင်းတည်ထောင်လာနိုင် တော့မှာပါ။

သည်နည်းလမ်းကို ဂျပန်ကနေရာ ၁၅၀ နဲ့ တရုတ်ကနေရာတစ်ခုမှာ အသုံးပြုနေပြီဖြစ်သလို ယူအေအီးမှာရှိတဲ့ ကန္တာရအလယ်ပိုင်းက လယ်မြေတစ်ခုမှာလည်း အသုံးပြုနေပြီဖြစ်ပါတယ်။

Author – ချိုလေးငယ်
[ref: scmp.com, May 16, 2017.]

Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.