ကန် မူးယစ်ဆေးတိုက်ဖျက်ရေး အသုံးစားရိတ် ၉၅% လျော့ချ


အမေရိကန်နိုင်ငံအတွင်း ကြီးထွားလာနေတဲ့ မူးယစ်ဆေးဝါး အလွဲသုံးစား အသုံးပြုမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းမယ်လို့ ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ခဲ့ပြီးတဲ့နောက် သမ္မတ အိမ်ဖြူတော် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးရုံး အသုံးစားရိတ်ကို အကြီးအကျယ် ဖြတ်တောက်ဖို့ သမ္မတ Donald Trump အစိုးရက စီစဉ်နေပါတယ်။

OMB လို့ခေါ်တဲ့ အစိုးရဘတ်ဂျက် စီမံအုပ်ကွပ်ကဲရေးဌာက ထုတ်ပြန်တဲ့ အထောက် အထားတွေအရ ၂၀၁၈ ခုနှစ်အတွက် မဏာမ အဆိုပြုထားတဲ့ ဘတ်ဂျက်ငွေစာရင်းထဲမှာ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပေါ်လစီရုံး ONDCP အတွက် အသုံးစားရိတ်ကို ၉၅% နဲ့ ညီမျှတဲ့ ဒေါ်လာ ၃၆၄ သန်းကနေ ဒေါ်လာ ၂၄ သန်းအထိ လျော့ချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ Rob Portman ကတော့ - တိုင်းပြည်အတွင်း ဘန်းဖြူနဲ့ တခြား မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးမားစွာ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ဒီပြဿနာကို ရှေ့တန်းက ရင်ဆိုင်နေရတဲ့ သူတွေကို အထောက်အပံ့ပေးနေတဲ့ ဒီ အစီ အစဉ်တွေကို အခုလို သိသိသာသာ မဖြတ်တောက်လိုက်သင့်ဘူးလို့ ပြောပါတယ်။

သမ္မတ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sanders ကတော့ - အစိုးရ ဘတ်ဂျက်အတွက် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးကြောင်း၊ တိုင်းပြည်အတွင်းက မူးယစ်ဆေးဝါး ပြဿနာဟာ သူ့အတွက် ဦးစားပေးလုပ်ငန်း တခုဖြစ်တယ်ဆိုတာကို သမ္မတ အနေနဲ့ ပြောဆိုထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

အစိုးရကတော့ အခုလို အသုံးစားရိတ် ဖြတ်တောက်တာဟာ တခြား ဗဟိုနဲ့ ပြည်နယ် အစိုးရတွေလုပ်နေပြီးဖြစ်တဲ့ အစီအစဉ်တွေနဲ့ ထပ်တူကျမှုတွေ ရှိနေ တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.