မြောက်ပိုင်းစစ်ရေး မဟာမိတ်ခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ



မြောက်ပိုင်းစစ်ရေးမဟာမိတ်ခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ (ဓါတ်ပုံ-u Zaw Htay)
မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အတင်းမာဆုံး ဖြစ်နေတဲ့ တရုတ်နယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ဖို့ ဒီကနေ့ဘဲ နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ပါတယ်။

မြောက်ပိုင်းစစ်ရေး မဟာမိတ် ၇ ဖွဲ့ ဖြစ်တဲ့ ၀ လက်နက်ကိုင် အဖွဲ့ UWSA ၊ ကချင်လက်နက်ကိုင်တပ် KIA၊ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ SSPP၊ မိုင်းလားတပ်ဖွဲ့ NDAA၊ တအားင်းပလောင်တပ်ဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ကြမှာပါ။

မြန်မာ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ TNLA၊ MNDAA နဲ့ AA တပ်ဖွဲ့တို့ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ခွင့်ရရေး တရုတ်ဘက်က ကြားဝင် ညှိနှိုင်းခဲ့တာလို့လည်း နီးစပ်တဲ့ သတင်းရင်းမြစ်က ဗွီအိုအေကို ပြောပါတယ်။တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အနေနဲ့တော့ မနက်ဖြန် ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံ တက်ရေး မတက်ရေး အခုအချိန်ထိ ဆုံးဖြတ်ချက် မကျသေးပါဘူး။

UNFC ဘက်ကသာ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လာမယ်ဆိုရင်တော့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဒုတိယ အကြိမ်အနေနဲ့ နေပြည်တော်မှာ မနက်ဖြန် မေလ ၂၄ ရက်နေ့ စတင်တဲ့ အခါမှာတော့ အပစ်ရပ်ရော၊ အပစ်မရပ်ရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စုံစုံလင်လင် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံကို အမေရိကန် ပြည်ထောင်စုဘက်က ထောက်ခံအားပေးကြောင်း၊ ဖြစ်မြောက်ရေး ကြိုးပမ်းသူတွေ အားလုံးကို အသိအမှတ်ပြု ချီးကျူးပါကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.