တစ်လခန့် ရပ်ဆိုင်းထားသော အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်


ခိုနုမ်းသုန်သတင်း၊ ၁၀ မေလ ၂၀၁၇။

ဇိုခေါထာ (အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှု ပြဿနာကြောင့် တစ်လခန့် ခေတ္တရပ်ဆိုင်းထား သော အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက မေလ ၈ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျန်ဖိုင်းခရိုင် တရားသူကြီးနဲ့အတူ ဇိုခေါထာVCP, ကုန်တင် ကုန်ချလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် သတင်းစာတွင် ဖော်ပြသည်။

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးကို မီဇိုရမ်အစိုးရဘက်မှ တစ်လခန့် ရပ်ဆိုင်းခဲ့သည့်အတွက် မြန်မာပြည်မှ တင်သွင်းလာသော ကုန်ပစ္စည်းများ မြန်မာပြည်ဘက်ခြမ်းတွင် များစွာသောင်တင်နေ ကြောင်း သိရပြီ ယခုလို ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ပုံမှန်ပြန်လည် တင်သွင်းနိုင်တော့မည် ဖြစ်သည်။

ယခုလို ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်လိုက်သည့် အတွက် အလုပ်လက်မဲ့ဖြစ်နေသော ကူလီထမ်းတဲ့ အလုပ်သမားများ ပုံမှန်လုပ်ငန်းရှိလာကြလာမည် ဖြစ်ပြီး ကုန်သည်များလည်း လုပ်ငန်းပြန်လည် လည်ပတ်နိုင်တော့မည်ဖြစ်သည်။

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ ဇိုခေါထာ(အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက် နေကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှုပြသာနာကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုကို ပြီးခဲ့သည့်ဧပြီလ ၁၂ ရက်နေ့ကစပြီး ခေတ္တရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာကျေးရွာတွင်ကုန်တင်ကုန်ချလုပ်ငန်း နှင့်ပတ်သတ်ပြီး ဒေသခံအဖွဲ့အစည်းများအကြား အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိ ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလေ့ရှိသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.