ဗြိတိန်အားကစားလောကရဲ့ အချမ်းသာဆုံးဘောလုံးသမားနေရာကို ရွန်းနီထံမှ အီဗရာဟီမိုဗစ်လွှဲပြောင်းရယူ


ဗြိတိန်အားကစားလောကတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဒုတိယနေရာ ရရှိခဲ့သည့်အတွက် ဘောလုံးကစားသမားများထဲတွင် အချမ်းသာဆုံးကစား သမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယမန်နှစ် အချမ်းသာဆုံး ဘောလုံးသမား အဖြစ် ရပ်တည်ခဲ့သူ ဝိန်းရွန်းနီမှာမူ မိုဗစ်၏နောက် တတိယနေရာတွင်သာ ရှိခဲ့သဖြင့် ရွန်းနီမှာ မန်ယူတိုက်စစ်ပိုင်းတွင် မိုဗစ်ကို နေရာဖယ်ပေးခဲ့ရသလို အချမ်းသာဆုံးစာရင်းတွင်လည်း နေရာဖယ်ပေးခဲ့ရခြင်းဖြစ်သည်ဟု ဗြိတိန် မီဒီယာများက ရေးသားခဲ့ကြသည်။

ရွန်းနီသည် ၂ဝ၁၆ ခုနှစ်အတွင်း အသားတင်ဝင်ငွေ ပေါင် ၁၁ သန်း အထိ တိုးတက်ရရှိခဲ့သော်လည်း အဆိုပါဝင်ငွေပမာဏက အီဗရာဟီမိုဗစ်၏ြ<ွကယ်ဝမှုကို ရပ်တန့်အောင်တားဆီးနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နောက်ကောက်ချခံခဲ့ ရသည်။ အီဗရာဟီမိုဗစ်မှာ မန်ယူအသင်းတွင် တစ်ပတ်လုပ်ခပေါင် ၂၂ဝဝဝဝ ရရှိနေသူဖြစ်သလို နိုက်ကီနှင့် အခြားစပွန်ဆာကုမ္ပဏီမြောက်မြားစွာတို့မှ ရရှိသော ဝင်ငွေပမာဏကလည်း မိုဗစ်၏ြ<ွကယ်ဝမှုကို ပိုမိုတိုးပွားစေခဲ့သည်။ ဗြိတိန်အားကစားလောကအတွင်းအချမ်းသာဆုံးစာရင်းတွင် အီဗရာဟီမိုဗစ် နှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့နှစ်ဦးမှာ မျက်နှာသစ်ပုဂ္ဂိုလ်များအဖြစ် ထိပ်တန်း(၁ဝ)နေရာတွင် ပါဝင်လာခဲ့ကြသည်။ ဗြိတိန်အားကစားလောကအတွင်း အချမ်းသာဆုံးနံပါတ်(၁)နေရာကိုမူ ပြီးခဲ့သည့်နှစ် နံပါတ်(၁)နေရာပိုင်ရှင် ဗြိတိန်ပြိုင်ကားမောင်းသမား ဟာမီလ်တန်ကပင် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ ဟာမီလ်တန်မှာ ပြီးခဲ့သည့်နှစ်က ဖော်မြူလာဝမ်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခြင်းမရှိသော် လည်း ပေါင် ၁၃၁ သန်း ပမာဏဖြင့် အချမ်းသာဆုံးနံပါတ်(၁)နေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်မှာမူ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဝင်ငွေပေါင်သန်း ၂ဝ အထိရရှိခဲ့သော်လည်း ပိုင်ဆိုင်မှု ပေါင် ၅၄ သန်းဖြင့် အဆင့်(၈)နေရာတွင် ရပ်တည်နေသည်။ ဗြိတိန်အားကစားလောကအတွင်း အချမ်းသာဆုံးပုဂ္ဂိုလ် ၁ဝ ဦး ရပ်တည်မှုအဆင့် အမည် ကြွယ်ဝမှုပမာဏ ၁ ဟာမီလ်တန် ပေါင် ၁၃၁ သန်း ၂ အီဗရာဟီမိုဗစ် ပေါင်သန်း ၁၁ဝ ၃ ဝိန်းရွန်းနီ ပေါင် ၉၃ သန်း ၄ ဂျက်ဆန်ဘက်တန် ပေါင် ၈၆ သန်း ၅ ရွိုင်းမက်အီရွိုင်း ပေါင် ၈၃ သန်း ၆ အန်ဒီမာရေး ပေါင် ၇၇ သန်း ၇ ဂျို့စ်မော်ရင်ဟို ပေါင် ၆၁ သန်း ၈ ဂါရတ်ဘေးလ် ပေါင် ၅၄ သန်း ၉ လော့လ်ဒန်း ပေါင်သန်း ၅ဝ ၁ဝ ဂွါဒီယိုလာ ပေါင်သန်း ၅ဝ မေလဲ့သင်း - စုစည်းသည် The Mirror Daily
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.