မြန်မာ-ထိုင်းနယ်စပ် လူမှောင်ခိုပြဿနာ ပိုမိုကြီးထွားလာနေဆဲ



ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကို တွေ့ရစဉ် Photo: RFA
မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းကို လူမှောင်ခိုသွင်းနေတဲ့ ပြဿနာကို နှစ်နိုင်ငံအာဏာ ပိုင်တွေ တားဆီးနှိမ်နင်းနေပေမဲ့၊ လျော့ကျမသွားဘဲ ပိုလို့သာ တိုးပွားလာနေတယ်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန က ပြောပါတယ်။

၂၀၁၄ ခုနှစ်ကစလို့ လူမှောင်ခိုတွေဟာ အန္တရာယ်ကြီးတဲ့ ပင်လယ်ရေကြောင်းခရီးထက် ကုန်းတွင်းလမ်းကို ပိုပြီး အသုံးပြုလာနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာကနေ ထိုင်းကို တရားဝင်သွားရောက်အလုပ်လုပ်နိုင်ဖို့ မနှစ်က နှစ်နိုင်ငံကြား သဘောတူလက်မှတ် ရေးထိုးခဲ့ပေမဲ့ မြန်မာအများစုကတော့ လိုအပ်တဲ့ ပုဂ္ဂိုလ်ရေးအထောက်အထားတွေနဲ့ပတ်သက်ပြီး အချိန် ၆ လ ကြာမြင့်တာကို မစောင့်နိုင်တဲ့အတွက် မှောင်ခိုလမ်းကိုပဲ ရွေးချယ်ကြတာများတယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ပြဿနာက အခုအခါ လူတိုင်း လူမှောင်ခိုပွဲစား ဖြစ်နေနိုင်ကြောင်း၊ မဲဆောက်က စက်ရုံတရုံမှာရှိတဲ့ မြန်မာ အလုပ်သမားတယောက်ကလည်း မိုဘိုင်းဖုန်းတလုံးနဲ့ လူမှောင်ခိုပွဲစား ဖြစ်နေနိုင်ကြောင်း မဲဆောက် လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောပါတယ်။

မဲဆောက်မြို့ လူဝင်မှုဆိုင်ရာရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ မြန်မာဘက်ကနေ ထိုင်းနိုင်ငံတွင်းကို မှောင်ခိုဝင်ရောက်လာသူအရေအတွက်ဟာ ၂၀၁၄ ခုနှစ်က နှစ်သောင်းသုံးရာကျော်ရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာ နှစ်သောင်းငါးထောင် နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။ တခြားနေရာတွေကနေ မှောင်ခိုဝင်လာတဲ့ စုစုပေါင်း အရေအတွက်ကိုတော့ မသိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.