၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ နိုင်ငံရေး၊စီးပွားရေး အပါအဝင် ကဏ္ဍအလိုက် ဆွေးနွေးမယ်

 ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေး စတင်ကျင်းပနေစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်မှာ မေလ ၂၄ရက် ဗုဒ္ဓဟူးနေ့က စတင် ကျင်းပနေပါတယ်။

အစည်းအဝေး ဒုတိယနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် နေရာ ၆ခုမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရတဲ့ အချက်အလက်တွေကို ကဏ္ဍအလိုက် အသေးစိတ် စတင်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍ စတဲ့ ကဏ္ဍအလိုက် ဆွေးနွေးရလာတဲ့ အကြောင်းအရာတွေကို UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူးအဖွဲ့က ပြန်လည်မှတ်တမ်းယူပြီး ညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UPDJC အဖွဲ့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.