အကျိုးမဲ့သွားလာတာတွေမလုပ်ဖို့ အစ္စလမ်ဘာသာရေးအဖွဲ့ က ကြေငြာချက်ထုတ်


ဒီနေ့မေ ၁၁ ရက် ကြာသပတေးနေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ညမှာ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ဗလီဝတ်ကျောင်းတွေမှာ အေးချမ်းစွာဝတ်ပြုဆုတောင်းပြီး ပြင်ပနေရာတွေကို အကျိုးမဲ့ မသွားဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ ၅ ခုက မေ ၁၀ရက်နေ့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အစ္စလာမ်ဘာသာရေး နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဗလီဝတ်ကျောင်းနဲ့ ကဗရ်စတာန်(သုသာန်) မှအပ ပြင်ပနေ ရာတွေမှာ အကျိုးမဲ့သွားလာတာတွေကို ရှောင်ရှားပြီး နိုင်ငံအေးချမ်းရေးနဲ့ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးကို ဆုတောင်းကြဖို့ နိုးဆော်တာဖြစ်တယ်လို့ မော်လဝီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျဦးကျော်စိုးက ပြောပါတယ်။

"ကျနော်တို့ သာသနာက ဘာလဲဆိုတဲ့အခါ အေးအေးချမ်းချမ်းနေဖို့၊ ဆုတောင်းမေတ္တာပို့သဖို့၊ ဟေးလား ဟားလား အပြင်မှာ မသွားဖို့၊ နောက်တချက်က ကျနော်တို့ နေ့ကြီးလကြီး မွန်ပြတ်တဲ့လမှာ ကျနော်တို့ ဘုရားရှင်ကနေပြီးတော့ ဆုတောင်းမေတ္တာကို တောင်းကိုလက်ခံတယ်။
ဒါ့ကြောင့်မို့လို့ နိုင်ငံအတွက်ပါ၊ နောက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် တရားဘာဝနာ ကျင့်ကြံပြီးတော့ မေတ္တာပို့ဖို့ ကျနော်တို့က ပန်ကြားလွှာထုတ်တာပေါ့လေ။ လူသားအားလုံးအတွက်ပေါ့"

ဒီနေ့ဟာ အစ္စလာမ့်တရားတော်အရ ထူးကဲတဲ့ ညဉ့်မြတ်ဖြစ်တာကြောင့် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး တရားဘာ ဝနာ အားထုတ်ကြဖို့ တိုက်တွန်းတာလို့ ပြောပါတယ်။

ကဗရ်စတာန်(သုသာန်)မှာ တရားအားထုတ်ချင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကဗရ်စတာန် အုပ်ချုပ်ရေး အဖွဲ့တွေက သတ်မှတ်ထားတဲ့အချိန်အတွင်း ဆောင်ရွက်ဖို့လည်း သတိပေးထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ဆိုလမာအဖွဲ့ချုပ်၊ အစ္စလာမ်ကောင်စီဌာနချုပ်၊ မော်လဝီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန် မာမွတ်စလင်လူငယ်များဌာနချုပ်နဲ့ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် တို့က ပူးတွဲထုတ်ပြန်တာ ဖြစ်ပါ တယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.