မဘသ အမည် ဆက်လက်သုံးစွဲခြင်း မပြုရန် မဟနညွှန်ကြား

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ ပဉ္စမ အထူးအစည်း အဝေး အပြီး ဆုံးဖြတ်ချက်အရ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (မ.ဘ.သ) အမည်ကို သုံးစွဲလျက် မည့်သည့် အမှုကိစ္စများ ဆောင်ရွက်ခြင်း မပြုရန် ညွန်ကြားချက် တစ်စောင် ယနေ့(မေ ၂၃ ရက်)တွင် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ယနေ့ထုတ်ပြန်ရာတွင် ၂၀၁၆ ခုနှစ် ၇ လပိုင်း ၁၁ ရက်က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ ဧကာဒသမ ညှိနှိုင်း အထူးအစည်းအဝေးများက သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း ၁၊ အပိုဒ် ၄ နှင့် လည်းကောင်း၊ သံဃာအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း ၂ အပိုဒ် -၃(က)(ခ)တို့နှင့် လည်းကောင်း ညီညွတ်ခြင်း မရှိသဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သည် တရားမ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတွက် ယနေ့တွင် အချက်လေးချက် အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက် အချက်လေးချက်အား မဘသ ဦးဆောင် ဥက္ကဋ္ဌ ဆရာတော်ကြီး နှစ်ပါးက လက်မှတ်ရေးထိုး ထားကြောင်း သတင်းများ အရ သိရသည်။

ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းအပေါ် မဘသ အဖွဲ့မှ လေးစားလိုက်နာသည့် အနေဖြင့် ၎င်းတို့ကျင်းပရန် စီစဉ်ထားသည့် ညီလာခံအား မကျင်းပတော့ ဘဲ အထူးရှင်းလင်းပွဲ တစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း မဘသ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သည့် ဒေါက်တာအရှင်သောပါက ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ဆရာတော်ရေးသားချက်မှာ “မဟန၏ ယနေ့ဆုံးဖြတ်ချက်ကို လေးစား လိုက်နာသော အားဖြင့် မဘသ ညီလာခံကို မကျင်းပတော့ဘဲ အထူးရှင်းလင်းပွဲအဖြစ် ယခင်ရက်စွဲအတိုင်း ကျင်းပမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်” ဟု ရေးသားထားသည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.