အမေရိကန် ၄ ဦးကို မြောက်ကိုရီးယား ဖမ်းထား


ရန်ပြုတိုက်ခိုက်မှု တွေ လုပ်ဖို့ ကြံစည်နေတဲ့ နောက်ထပ် အမေရိကန် နိုင်ငံသား တစ်ယောက် ကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က ထုတ်ဖော် ကြေညာပါတယ်။

ပြုံယမ်း သိပ္ပံ နဲ့ နည်းပညာ တက္ကသိုလ် မှာ အလုပ်လုပ်တဲ့ ကင် ဟက် ဆောင်း ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သတင်းဌာန က ပြောပေမယ့် ဘာပြစ်မှု တွေ ကျူးလွန်ဖို့ ကြံစည် တာလဲ ဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ရက်တွေ တုန်း ကလည်း အဲဒီ ပြုံယမ်း သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်မှာ အလုပ်လုပ်တဲ့ တိုနီ ကင် ခေါ် ကင် ဆန် ဒေါ့ခ် ကိုလည်း မြောက်ကိုရီးယား နိုင်ငံ အစိုးရ တာဝန် ရှိသူ တွေက လေဆိပ်မှာ ဖမ်းဆီး ခဲ့ပါတယ်။

Otto Wambier ပြီးတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံ ထားရတဲ့ ကင်ဒေါင်ချူး၊ တိုနီကင် ခေါ် ကင်ဆန်ဒေါ့ခ်၊ အခုတစ်ခါ ကင်ဟက်ဆောင်း တို့ အပါအဝင် မြောက်ကိုရီးယား နိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ အမေရိကန် နိုင်ငံသား အရေ အတွက်က လေးဦး အထိ ရှိနေပါပြီ။

မြောက်ကိုရီးယား တို့ အနေနဲ့ အဲဒီ လူတွေကို အမေရိကန် နဲ့ အပေးအယူ လုပ်ရာမှာ အသုံးချ လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.