မင်္ဂလာဒုံမြို့နယ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး တွေ့ရှိ



မင်္ဂလာဒုံမြို့နယ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး တွေ့ရှိ သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိ

ရန်ကုန် မေ ၉

မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့နယ်မြေအတွင်း၌ မေလ ၉ ရက်နေ့  နံနက်ပိုင်းက ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား တစ်ဦးကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာက ကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထောက်ကြံ့နယ်မြေအတွင်းရှိ ပျဉ်းမပင်ကျေးရွာ (နာရီစင်လမ်းဘေး) မြန်မာ့လယ်ယာနှင့် စက်မှုသုံး ရော်ဘာပစ္စည်း ထုတ်လုပ်ရေးဌာန၏ အုတ်တံတိုင်းဘေး တွင် မေလ ၉ ရက်နေ့  နံနက် ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး ပါးစပ်အား အပြာရောင်မျက်နှာသုတ် ပဝါ ဖြင့် ပိတ်စည်း၍ လက်နှစ်ဖက်အား အစိမ်းရောင်တိပ်ဖြင့် ချည်နှောင်ထားလျက်သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားတွင် ဦးခေါင်းယာချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲချိုင်းအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံး နေခြင်းဖြစ်ပြီး သက်ဆိုင်ရာက အမှုဖွင့်လှစ်၍ ကျူးလွန်သူ အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍ ''ပတ်ဝန်းကျင်မှာသွေးကွက် တွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဖြစ်နေတာမျိုးတွေလည်း မတွေ့ရဘူး။ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ အနေအထားမျိုး လည်း မတွေ့ရပါဘူး။ သေဆုံးသူကိုတော့ စုံစမ်းသိရှိရပါ ပြီ။ လက်ရှိမှာတော့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေပါတယ်''ဟု ထောက်ကြံ့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့သတင်းစဉ် ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယနေ့ညနေပိုင်းတွင် ပြန်လည်ဖြေကြားသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာ မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္ဇူသကလမ်းနေ ကိုလင်းလင်းထွန်း (၁၉)နှစ် ကျပန်းအလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရ သည်။

(ဇော်ကြီး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.