ကနီမြို့နယ်တွင်းမှာကျပ်သိန်း (၁၂၅၀၀)ခန့်ရှိ ရှေးဟောင်းပေစာထုတ်တွေ ပျောက်ဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းက သဒ္ဓမ္မနန္ဒိယာရာမ ကျောင်းတိုက်အတွင်း သိမ်းဆည်းထားတဲ့ တစ်စည်းကို အရွက်(၁၀၀)ပါ ရှေးဟောင်းပေစာထုတ် (၁၂၅) စည်းခန့် မနေ့က မနက် အစောပိုင်းမှာ ပျာက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
 “ ဖြစ်စဉ်က မေလ(၈)ရက် မနက် (၁)နာရီခွဲ (၂)နာရီလောက်မှာ ခွေးဟောင်သံကြားတော့ ဦးဇင်း(၂)ပါးက ထလိုက်တယ်။ ထလိုက်ပြီးတော့ ဘာမှမဟုတ်ဘူးဆိုပြီး ပြန်ကျိမ်းတယ်ပေါ့။ မနက် (၅)နာရီမိနစ် (၂၀)လောက်ကြတော့ ဦးဇင်း(၂)ပါး စင်္ကြန်လျောက်တော့ ပေပုရပိုက်တွေထားတဲ့သေတ္တာတွေ ဘီရိုတွေဖရိုဖရဲဖြစ်နေတာတွေ့မှ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ ထူးခြားဖြစ်စဉ်ကဘာလဲဆိုတော့ ဧပြီလ (၂၈)ရက်က လူ (၄)ယောက်ပါတဲ့ ပါဂျဲရိုးကားတစ်စီးရောက်လာပြီး (၂)ယောက် ဆရာတော်ကို လှူဖွယ်တွေဆက်ကပ်ပြီး ပေပုရပိုက်စာတွေ ရောင်းဖို့ပြောတယ်။ ကျောင်းထိုင်ဆရာတော်က မရောင်းဘူးလို့ပြောတော့
(၂) ယောက်ကပုရပိုက်တွေသွားကြည့်ခဲ့တယ်။ အခုအမှုဖွင့်တော့ အဲဒီလူတွေကို မသင်္ကာလို့ကားနံပါတ်ကိုမှတ်ထားပါတယ်။ အခုအမှုဖွင့်တော့ အဲဒီကားနံပါတ်နဲ့တော့ အမှုဖွင့်ထားပါတယ်’’ လို့ ကနီမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနီမြို့မရဲစခန်းက (ပ)၃၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ (၃၈၀/၂၉၅)နဲ့ အမှုဖွင့်ကာ ခိုးယူသွားသူကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိဖို့ ဒသခံတွေ၊ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - မျိုးဝင်းထွန်း (မုံရွာ)
5 Plus News
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.