၃မွှာပူးမွေးသည့်အနက်၂ဦး​သေဆုံးပြီး ၁ဦးသာအသက်ရှင်


ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာတွင်မေလ ၇ရက်​နေ့က ​၃မွှာပူး​မွေးဖွားခဲ့​သော ဦးကိုးအောင် အသက်(၃၉)နှင့့်​ဒေါ်အေးစန္ဒာထွေး အသက်(၂၃) တို့၏သားဦး ကလေး ၃မွှာပူးမွေးသည့်အနက် သမီး​လေး(၁)ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်​။
''ကျွန်တော့်မိန်းမ ကိုယ်ဝန်မွေးဖွါးရက်စေ့က ဒီလ ၁၅ရက်​နေ့ဖြစ်တဲ့အတွက်​ ပလက်ဝပြည်သူ့ဆေးရုံနဲ့နီးတဲ့ မီးလက်ဝရွာ ဦးလေးအိမ်ကို ပြောင်းလာခဲ့ပြီး ၇ရက်ေ​န့ ကျွန်တော်က စိမ်းစင်းရွာကို ပြန်သွားခဲ့တယ်။ အဲဒီည ညဘက်(၁၁း၄၅)နာရီမှာ အရံသားဖွားက ၃​ယောက်​စလုံးကိုချောမွေ့စွာ မွေးဖွား​ပေးခဲ့တယ်​လို့ သိရတယ်။

 ဒါ​ပေမယ့်​ ​မေလေ ၈ရက်န့မနက်(၄)နာရီမှာ သား​လေး(၁)ဦးဆုံးသွားပြီး ​နောက်​​နေ့ ​မေလ၉ရက်​နေ့ ညဘက်(၁၂)နာရီမှာ သမီး​လေး(၁)ဦးထပ်​​မံဆုံးသွားခဲ့တယ်။ ​ဆေးရုံကိုချက်ချင်းသွားဖို့ အမျိုးသမီးရဲ့ကိုယ်​​တွေအရမ်း ​ရောင်​နေပြီး၊ ​ငွေကြေးလည်းခက်ခဲတဲ့အတွက်​ ​မေ ၁၀ရက်​နေ့ မနက်(၉)နာရီ​လောက်​မှ ပလက်ဝမြို့ပြည်သူ့ဆေးရုံကို ​ရောက်​နိုင်​ခဲ့တယ်​" ဟု ဖခင်​ဖြစ်​သူ ဦး​အောင်​ကိုးက ​ပြောသည်​။

လက်ရှိ ကလေးအမေနှင့် အသက်​ရှင်​ကျန်​ရစ်​​သောသမီး​လေးမှာ ဆေးရုံတွင်​ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေ​ကြောင်း သိရသည်​။ နှစ်​သိမ့်​အား​ပေး အကူအညီ​ပေးလိုပါ ph-09423890248 သို့ ကိုယ်​တိုင်​ ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.