သာသနာရေးဝန်ကြီး ကန့်ကွက်ရှုတ်ချပွဲ အချက်ရှစ်ချက်တောင်းဆို တစ်လစောင့်ကြည့်ပြီး အလေးမထားလျှင် အရှိန်မြှင့်မည်ဟုဆို


သာသနာရေးဝန်ကြီးသူရဦးအောင် ကိုအား ကန့်ကွက်ရှုတ်ချပွဲတွင် ဆန္ဒပြသူများက အချက်ရှစ်ချက် ဆောင်ရွက်ပေးရန် အစိုးရထံ တောင်းဆိုခဲ့ပြီး တစ်လအတွင်း စောင့်ကြည့်၍ အလေးမထားပါက သပိတ်စခန်းများဖြင့် အရှိန်မြှင့် ဆန္ဒဖော်ထုတ်မည်ဟု ကြေညာချက်ထုတ်ပြန် သည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ကွင်းတွင် မေလ ၂၀ ရက်က တက်ရောက်သူ နှစ် ထောင်ကျော်က နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ အဆိုပါပွဲပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ် အုပ်ချုပ် ရေးမှူးရုံးက ယင်းဆန္ဒပြမှုတွင် ပါ ၀င်ရန် လူဦးရေသုံးရာသတ်မှတ် ထားသော်လည်း အထက်မြန်မာ ပြည်၊ အောက်မြန်မာပြည် စစ် ကြောင်းလမ်းကြောင်းနှစ်ခုဖြင့် ကားအစီးရေ ၂၁၃ စီး၊ ဦးရေ သုံးထောင်ကျော်ပါဝင်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဦးတင့်လွင် က ပြောသည်။

ဆန္ဒပြသူများက ကွင်းအ တွင်း ကြိုးဝိုင်းသတ်မှတ်ထား၍ လူသုံးရာထည့်သွင်းပြီး ကြိုးဝိုင်း အပြင်တွင် ကျန်ရှိသူများအား ၀န်းရံသူအဖြစ်ထားရှိကာ ဆန္ဒပြ ပွဲကို ကျင်းပခဲ့သည်။

သူရဦးအောင်ကို၏ လုပ် ဆောင်ချက်များသည် အစ္စလာမ် ဘာသာဝင်များကို အလေးပေးနေ ၍ အမြန်ဆုံးနုတ်ထွက်ပေးရန်၊ ရဟန်းရှင်လူများအပေါ် ကာမ ရာဂအရေးအသားများ ထုတ်ဖော် ရေးသားနေသည့် သူရဦးအောင် ကို၏ သမီးမနှင်းစံပယ်အောင်ကို အနေဖြင့် လူသိရှင်ကြား တောင်း ပန်ရန်၊ မတရားသဖြင့် အကျဉ်း ချခံထားရသည့် ဦးဝင်းကိုကိုလတ် တို့ကို အမြန်ဆုံး လွှတ်ပေးရန်၊ ဦး ၀ီရသူအား တရားဟောခွင့်အမြန် ဆုံးခွင့်ပြုပေးရန်၊ အမျိုးဘာသာ ကာကွယ်ရေး စီမံချက်များကို သာသနာရေးဝန်ကြီးက အမြန် ဆုံး အကောင်အထည်ဖော်ပေး ရန်၊ နိုင်ငံတော်သမ္မတနှင့် အတိုင် ပင်ခံပုဂ္ဂိုလ်တို့က မျိုးချစ်တို့၏ ဆန္ဒထုတ်ဖော်မှုများကို အလေး ထား ဖြေရှင်းပေးရန် တောင်းဆို သည်။ တောင်းဆိုချက်များအပေါ် အစိုးရ၏လုပ်ဆောင်ချက်များကို တစ်လစောင့်ကြည့်လေ့လာမည် ဖြစ်ပြီး အလေးမထားပါက သ ပိတ်စခန်းများဖွင့်လှစ်ပြီး အရှိန် မြှင့်ဆန္ဒထုတ်ဖော်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထား သည်။

‘‘မလိုက်လျောဘူးဆိုရင် ဒီ ထက်ကောင်းတဲ့အင်အားနဲ့ နေ ပြည်တော်မှာတော့ လာမလုပ် ဘူး။ ရန်ကုန်မှာ ကောင်းကောင်း မြို့တော်ခန်းမရှေ့၊ အဲဒီအရှေ့မှာ ပြင်းပြင်းထန်ထန်ဆက်လုပ်မယ်။ တို့လုပ်တာကို တားပြီဆိုရင်တော့ သပိတ်ဖြစ်သွားလိမ့်မယ်’’ လို့ ဦး တင့်လွင်က ပြောဆိုသည်။

ထိုင်သပိတ်ချက်ချင်းလုပ် ဆောင်ရန် အစီအစဉ်မရှိသေးဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမည်ဖြစ်ပြီး ထိုသို့ လုပ် ဆောင်မှုကို တားဆီးပိတ်ပင်ပါက ထိုင်သပိတ် ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ သတင်း မီဒီယာများအနေဖြင့် သက်ဆိုင် ရာတာဝန်ရှိသူများနှင့် ရဟန်း သံဃာများကိုသာ မေးမြန်းရန် ပွဲစီစဉ်သူများက စင်မြင့်ပေါ်မှ တစ်ဆင့် ကြေညာခဲ့သည်။

ဆန္ဒပြပွဲသည် နေပြည်တော် တွင် လူဦးရေအများဆုံးပါဝင် သည့် ပွဲတစ်ခုဖြစ်ပြီး လက်ရှိအစိုး ရလက်ထက် ပြည်ထောင်စုဝန် ကြီးအဆင့်ပုဂ္ဂိုလ်ကို ပထမဆုံး အကြိမ်ဆန္ဒပြမှုလည်း ဖြစ်သည်။

အဆိုပါဆန္ဒပြမှုနှင့် ပတ် သက်၍ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေး မှူးဦးအောင်ဆန်းဝင်းက သဘော ထားမှတ်ချက်မပေးလိုကြောင်း ၎င်းက ပြောသည်။

နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဝင် များက လာရောက်ဆန္ဒပြတောင်း ဆိုသည့် ရဟန်းသံဃာတော်များ ကို သောက်သုံးရေ၊ တည်းခိုသည့် ကိစ္စအပါအ၀င် လိုအပ်သည့် အကူအညီများပေးရန် ၎င်းတို့၏ အထက်အကြီးအကဲများက ညွှန် ကြားထားသဖြင့် ကူညီပေးခဲ့ ကြောင်း ဥတ္တရသီရိမြို့နယ် ရဲ တပ်ဖွဲ့မှူး ရဲမှူးအောင်သန်းက ပြောသည်။

ထို့အပြင် ဆန္ဒပြပွဲတွင် လုံ ခြုံရေးအင်အား ၃၀၀ ခန့်ချထား ပြီး ယာဉ်ထိန်းအင်အား ၁၀၀ ခန့် ကလည်း ဆန္ဒပြသူများ၏ ကား များကို လမ်းရှင်းပေးခဲ့ကြောင်း တွေ့ရသည်။

‘‘တတ်နိုင်သရွေ့ အကုန်လုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ တတ်နိုင်တဲ့ဘက် လုံခြုံရေးဆိုက် က ကူညီဆောင်ရွက်ပေးခဲ့ပါ တယ်’’ ဟု၎င်းက ပြောသည်။

ဆန္ဒပြပွဲတွင် မူးယစ်ရမ်း ကားခဲ့သဖြင့် ရန်ကုန်မှ လာ ရောက်ပါဝင်သူ အသက် (၄၃)နှစ် အရွယ် အမျိုးသားတစ်ဦးကို ထိန်းသိမ်းခဲ့ပြီး အခြားထူးခြား ဖြစ်စဉ်မျိုး မရှိကြောင်း ရဲမှူး အောင်သန်းက ပြောသည်။

‘‘သူတို့ ဒီက ဆရာတော်တွေ က မူးပြီးမှဆူလို့ ရန်ကုန်ကပါတဲ့ အဖွဲ့တွေပေါ့နော်။ ကျွန်တော်တို့ တောင်ညိုရဲစခန်းမှာ ခဏထိန်း သိမ်းထားပါတယ်။ ရန်ကုန်က အ ဖွဲ့တွေ သူတို့က ပြန်ပြီးတော့ ခေါ်တဲ့အချိန်မှာ ပြန်ထည့်ပေးပါ မယ်။ အရေးယူဖို့ ဘာညာမရှိပါ ဘူး’’ ဟု ရဲမှူးအောင်သန်းက ပြောသည်။

နေပြည်တော်တွင် သာသ နာရေးဝန်ကြီးကို ဆန္ဒပြခြင်းသည် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး(မဘသ)အဖွဲ့နှင့် လုံး ၀မသက်ဆိုင်ကြောင်း မေလ ၁၈ ရက်က ကြေညာချက်ထုတ်ပြန် ထားသည်။ယင်းဆန္ဒပြပွဲကို မြန်မာ ဗုဒ္ဓ ဘာသာနိုးကြားရေးအသင်းမှ ကို ကျော်မျိုးသက်ဆိုသူက အင်အား သုံးသောင်းဖြင့်ပြုလုပ်ရန် ခွင့်ပြု ချက်တောင်းခံခြင်းဖြစ်ကာ ရန် ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ သံ ဃာတော်အချို့၊ အသင်းအဖွဲ့အ ချို့နှင့် ဗုဒ္ဓဘာသာဝင်အချို့ ပါ ၀င်ခဲ့သည်။

ဆန္ဒပြပွဲတွင် ကြွေးကြော် သံများ ဟစ်ကြွေးပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေ၊ ဥုးဇန္ဒိတ၊ ဦးအေးမင်းထွန်းနှင့် ရှေ့နေ ဦး အေးပိုင်တို့က ဟောပြောခဲ့သည်။

=============

7Day News Journal

http://www.7daydaily.com/story/96703
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.