ပြင်သစ်ရဲ့ အသက်အငယ် ဆုံး သမ္မတ အီမန်နျူရယ် မက်ခရွန်း


ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ဒုတိယ အကျော့ ကို ဒီကနေ့ မေလ ၇ ရက်နေ့မှာ ကျင်းပခဲ့ရာမှာတော့ အလယ်အလတ် လမ်းစဉ် သမား အီမန်နျူရယ် မက်ခရွန်း က ဆန္ဒမဲ အပြတ်အသတ် နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။

အမျိုးသားရေး တပ်ဦး ပါတီက လက်ျာဝါဒီ မာရီး လီပန်း က တော့ ဆန္ဒမဲ ရရှိမှု ၃၅ ရာခိုင်နှုန်း သာ ရရှိပြီး အခုရွေးကောက်ပွဲ မှာ ရှုံးနိမ့် ခဲ့ပါတယ်။

အသက် ၃၉ နှစ်သာ ရှိသေးတဲ့ မက်ခရွန်း က ပြင်သစ် နိုင်ငံရဲ့ အသက်အငယ် ဆုံး သမ္မတ ဖြစ်လာခဲ့ပါပြီ။

၁၉၅၈ ခုနှစ် ကတည်း က စပြီး ပြင်သစ် နိုင်ငံရေး ကို လွှမ်းမိုး ထားခဲ့တဲ့ ရီပတ်ဘလီကန် ပါတီ နဲ့ ဆိုရှယ်လစ် ပါတီ ဝင် မဟုတ် တဲ့ သူ က ပထမ ဦးဆုံး သမ္မတ ဖြစ်လာခဲ့တာပါ။

ပြင်သစ် နိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ် ကို ဖွင့်လှစ် နိုင်ခဲ့တာ ဖြစ်ကြောင်း မက်ခရွန်း က ရွေးကောက်ပွဲ အောင်မြင်တဲ့ အထိမ်းအမှတ် မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

ပြင်သစ် နိုင်ငံ သားတွေရဲ့ မျှော်လင့်ချက် နဲ့ ယုံကြည်မှု ကို ဖြည့်ဆည်းပေး နိုင်တဲ့ သမ္မတ တစ်ယောက် အဖြစ် စွမ်းဆောင် သွားမယ်လို့လည်း ပြောကြား ခဲ့ပါတယ်။


လက်ျာယိမ်း အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီးလီပန်း ကို မဲ အပြတ်အသတ် နဲ့ အနိုင် ရရှိတာ ဖြစ်တယ်လို့ ပဲရစ်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဆန္ဒမဲရရရှိမှုမှာ မက်ခရွန်း က ၆၅ ရာခိုင်နှုန်း ရရှိပြီး မာရီး လီပန်း ကတော့ ၃၅ ရာခိုင်နှုန်း သာ ရှိပါတယ်။

၁၉၅၈ ခုနှစ် ကတည်းက စပြီး ပြင်သစ် နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ နေရာ ကို လွှမ်းမိုး ထားခဲ့တဲ့ ကွန်ဆားဗေးတစ်ပါတီ နဲ့ ဆိုရှစ်လစ် ပါတီ ဝင် မဟုတ်တဲ့ သမ္မတ တစ်ဦးကို ပထမဆုံး ရွေးကောက် တင်မြှောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ် ခဲ့တဲ့ ပြင်သစ် နိုင်ငံ က မြို့ကြီး တွေမှာ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေး ကို အထူး တင်းကျပ် ထားခဲ့တာ ဖြစ်ပါတယ်။

ပဲရစ် မြို့လယ်မှာ သမ္မတ မက်ခရွန်း ကို ထောက်ခံ ကြသူတွေဟာ ရွေးကောက်ပွဲ အောင်နိုင်မှု အထိမ်းအမှတ်ပွဲ ကျင်းပဖို့ စုရုံး ရောက်ရှိနေပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.