ဆီးရီးယား ဝေဟင်မှာ ထိပ်တိုက်မတွေ့ရေး ကန်-ရုရှား ပြန်ညှိ


ဆီးရီးယားနိုင်ငံအပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က စစ်လေယာဉ်တွေ ဝေဟင်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ထားတဲ့ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းဖို့ သဘော တူလိုက်ပြီဖြစ်ကြောင်း ထိပ်တန်း အမေရိကန်နဲ့ ရုရှား စစ်ဘက် အရာရှိတွေ က ပြောပါတယ်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ ရုရှား ဗိုလ်ချုပ်ကြီး Valery Gerasimov တို့ ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ - ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး မနှစ်က တနှစ်လုံးနီးပါး အသုံးပြုခဲ့တဲ့ ဆီးရီးယား လေကြောင်း ပိုင်နက် အသုံးပြုရေးဆိုင်ရာ ၂ နိုင်ငံအကြားက ရရှိထားတဲ့ သဘောတူညီချက်ကို အပြည့်အ၀ ပြန်လည် အသက်သွင်းဖို့ သဘော တူခဲ့ကြတာ ဖြစ်ကြောင်း ၀ါရှင်တန် နဲ့ မော်စကိုမြို့တို့က စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆီးရီးယားနိုင်ငံအတွင်း အစိုးရနဲ့ တော်လှန်ရေး သူပုန် အဖွဲ့တွေ အကြား ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အရှိလျော့ချရေး ရုရှားနိုင်ငံရဲ့ အဆိုပြုချက်ကို Kazakhstan နိုင်ငံ၊ Astana မှာ ရုရှား၊ တူရကီနဲ့ အီရန်နိုင်ငံတို့အကြား မကြာသေးခင်က ရရှိခဲ့တဲ့ သဘော တူညီချက်ကို ဆွေးနွေးသွားဖို့အတွက်လည်း ဗိုလ်ချုပ်ကြီး ၂ ဦးက သဘောတူခဲ့ကြပါတယ်။

Kazakhstan နိုင်ငံက ဆွေးနွေးပွဲကို အမေရိကန်က ကိုယ်စားလှယ်အဖွဲ့ စေလွတ် ခဲ့ပေမယ့်လည်း အီရန် ပါနေတဲ့ အဲဒီ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.