မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ သီးသန့်တွေ့ဆုံ


ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းကို မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
"ဝ" တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ဖွင့်ပွဲရက်ကို တက်ရောက်ပြီး ညီလာခံ ဒုတိယနေ့ကို တက်ရောက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ မီဒီယာတွေထံ ပြောကြားခဲ့ခြင်း မရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံအစိုးရရဲ့တိုက်တွန်းမှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံဖွင့်ပွဲကို အထူးကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဘာတွေဆွေးနွေးမယ် ဆိုတာကိုတော့ မသိရပါဘူး။

နေပြည်တော် MICC - 2 မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံဖွင့်ပွဲကို လက်မှတ်ရေးထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အပြင် NCA လက်မှတ်မထိုးထားတဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ KIA  ကချင်လွတ်မြောက်ရေး တပ်မတော်၊  SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ NDAA မိုင်းလားအဖွဲ့ ၊MNDAA ကိုးကန့်အဖွဲ့၊  AA ရက္ခိုင့်တပ်မတော် စတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်ခဲ့ကြတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးမှာ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးစတဲ့ အကြောင်းအရာအလိုက် ဆွေးနွေးနေကြတာဖြစ်ပြီး NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့် မရှိပါဘူး။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.