ညီမဝမ်းကွဲအပါအဝင် အမျိုးသမီးနှစ်ဦးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေးကာ အခကြေးငွေယူသူကို ဖမ်းဆီး


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးငယ်(၂)ဦးကို တရုတ်နိုင်ငံအတွင်းသို့ ပို့ဆောင်၍ တရုတ်နိုင်ငံသားနှင့် လက်ထပ်စေပြီး အခကြေးငွေ ရယူခဲ့သူတစ်ဦးအား မေ၂၁ ရက်က ဖမ်းဆီးလိုက်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရှိရသည်။
“အစ်ကိုဖြစ်တဲ့သူကပဲ သူ့ညီမတစ်ယောက်နဲ့ အခြားမိန်းကလေးသူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး တရုတ်နိုင်ငံ ထဲက တရုတ်နိုင်ငံသားနဲ့လက်ထပ်စေပြီး အခကြေးငွေရယူခဲ့တဲ့ လူကုန်ကူးမှုဖြစ်ပါတယ်။”ဟု ကျိုင်းတုံမြို့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲအုပ်နေလင်းက ပြောသည်။

လူကုန်ကူးခံရသည့်ဖြစ်စဉ်ကို အမျိုးသမီး၏ ဖခင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက် ပြောကြားခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ တိုင်ကြားသောကြောင့် လူကုန်ကူးမှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 လူကုန်ကူးမှုကျူးလွန်ခဲ့သူမှာ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ပိန်းအုပ်ရွာတွင် နေထိုင်သော ကျမူး (၃၅)နှစ်ဖြစ်ပြီး ၎င်း၏ ညီမတော်စပ်သူ (၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ ဖားလျဲန်ကျေးရွာနေ(၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းရွာတွင် နေထိုင်သော ဦးယာချီဆိုသူနှင့်အတူ တရုတ်နိုင်ငံ၊ မိုင်းကျီမြို့နေ ဦးယာချီ၏ အစ်မတော်စပ်သူ ဒေါ်ဟဲမ၏ နေအိမ်သို့ မေ ၁ ရက်ကပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးယာချီ၏ အစ်မတော်စပ်သူ ဒေါ်ဟဲမဆိုသူသည် အမျိုးသမီးငယ်(၂)ဦးအား ဓာတ်ပုံရိုက်ယူခဲ့ပြီး နောက် လူမှုဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သည့် Wechat မှတဆင့် တရုတ်နိုင်ငံအတွင်းရှိ ဇနီးလောင်းရှာ ဖွေသူများထံ ကြော်ငြာပေးပို့ခဲ့ပြီး တရုတ်နိုင်ငံ၊ မွန်ဟိုင်းမြို့မှ အမည်မသိ သူဌေးဆိုသူ တရုတ်အမျိုးသားထံသို့ အမျိုးသမီးငယ်(၂)ဦးအား ပို့ဆောင်ခဲ့ကြောင်း ကျမူးကထွက်ဆိုခဲ့သည်။

အဆိုပါတရုတ်အမျိုးသားမှတဆင့် မွန်ဟိုင်းမြို့ရှိ အားဝှေ့ရွာသို့ရောက်ခဲ့ပြီး အမျိုးသမီးငယ်(၂)ဦးနှင့် လက်ထပ် ပေးသောအခငွေကြေးအဖြစ် အခြားအမည်မသိသည့် တရုတ်အမျိုးသားထံမှ တရုတ်နိုင်ငံသုံးငွေ ယွမ် (၃၀၀၀၀)ကိုလက်ခံခဲ့ကာ လိုက်လံပို့ဆောင်ပေးခဲ့သည့် မွန်ဟိုင်းမြို့နေ တရုတ်အမျိုးသားထံမှ ယွမ်(၁၀၀၀၀) နှင့် တရုတ်အမျိုးသားနှင့်လက်ထပ်ယူရသော အမျိုးသမီး(၂)ဦးထံမှ ယွမ်(၁၀၀၀၀)ကိုဆက်လက်ရရှိခဲ့ပြီး ယင်း ယွမ်(၁၀၀၀၀)ကို ဦးယာချီဆိုသူက ယွမ်(၃၀၀၀)နှင့် ကျမူးက ယွမ်(၇၀၀၀)နှုန်းဖြင့် အသီးသီးခွဲဝေယူခဲ့ကြ ကြောင်း သိရသည်။

ကျမူးနှင့် ဦးယာချီတို့သည် ကျိုင်းတုံမြို့နယ်ရှိ ၎င်းတို့နေထိုင်သော ရွာအသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နောက်တွင် ကျမူးဆိုသူမှ တရုတ်နိုင်ငံသို့ပို့ဆောင်ခဲ့သော အမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူကို ၎င်း၏ သမီးအား တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေးခဲ့ပြီးဖြစ်ကြောင်းပြောပြကာ တရုတ်ယွမ်(၅၀၀)နှင့် မြန်မာငွေကျပ်(၄)သိန်းကို ဖခင်ထံပေးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ ကျမူးဆိုသူနှင့် ပါဝင်ပတ်သက်သူများကို (ပ)၈၂/၂၀၁၇၊ ၂၀၀၅ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄/၃၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.