မင်္ဂလာဒုံ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာအနီးရှိလမ်းကြားတွင် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေမှုမှ ပြစ်မှုကျူးလွန်သူများအား ...



မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာအနီးရှိလမ်းကြားတွင် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေမှုမှ ပြစ်မှုကျူးလွန်သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ မေ ၁၀

မေလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ နာရီစင်လမ်းကြားရှိ အုတ်တံတိုင်းဘေးတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ပါးစပ်အား အပြာရောင်မျက်နှာ သုတ်ပ၀ါဖြင့် ပိတ်စည်း၍ လက်နှစ်ဘက်အား အစိမ်းရောင်တိတ်ဖြင့် ချည်နှောင်ထားလျက် ဦးခေါင်းယာချိုစောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာလက်မောင်းထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၃၈၃/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထောက်ကြန့်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးပြီး သေဆုံးသူအား စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီဆွဲသည့် အလုပ်လုပ်ကိုင်သူ လင်းလင်းထွန်း၊ (၂၀)နှစ်ဖြစ်ပြီး အိမ်နီးချင်းနေ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် ချစ်ကြိုက်နေသူဖြစ်ကြောင်းနှင့် အမျိုးသမီးငယ်၏ဖခင်ဖြစ်သူ မျိုးဇော်ဦးမှလည်း မကျေမနပ်ဖြစ်နေကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။


အဆိုပါသေဆုံးသူ အမျိုးသားသည် အခင်းမဖြစ်မီ မေလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ ပြည်လမ်း၊ ၀ါယာလက်ဈေးရှိ လက်ဘက်ရည်ဆိုင်တွင် ၎င်းနှင့်တစ်ရပ်ကွက်တည်းနေထိုင်သော မသင်္ကာသူများဖြစ်သည့် ဇင်ဘိုအောင်(ခ)ချစ်မွှေး(ခ)ဆေးဆရာ၊ တင်မင်းလတ်(ခ)အာဝါးဆိုသူတို့နှင့်အတူ လက်ဘက်ရည်အတူသောက်ခဲ့ပြီး ည ၇ နာရီ ၅၀အချိန်ခန့်တွင် တင်မင်းလတ်(ခ) အာဝါးနှင့်အတူ ဆိုင်ရှေ့ရှိယာဉ်အမှတ် 6J---ပရိုဘောက်အငှားယာဉ်ဖြင့် ထွက်ခွာသွားကြောင်းသတင်းအစရရှိခဲ့သဖြင့် ၎င်းအမျိုးသား ၂ ဦးအား အမှုဖြင့်ဖမ်းဆီးစစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ မေလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် တင်မင်းလတ်(ခ)အာဝါးအား ပေါက်ကုန်းရပ်ကွက်အတွင်းမှလည်းကောင်း၊ ဇင်ဘိုအောင်(ခ)ချစ်မွှေး(ခ)ဆေးဆရာအား ၎င်း၏နေအိမ်မှလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့
ပါသည်။


၎င်းတို့ ၂ ဦးအားစစ်ဆေးချက်အရ တင်မင်းလတ်(ခ)အာဝါး၊ (၃၈)နှစ်၊ ဇင်ဘိုအောင်(ခ)ချစ်မွှေး(ခ)ဆေးဆရာ၊ (၂၁)နှစ်နှင့် မျိုးဇော်ဦးတို့မှာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူများဖြစ်ကြောင်း၊ လွန်ခဲ့သော ၁ လကျော်ခန့်မှစတင်၍ ဇင်ဘိုအောင်(ခ)ချစ်မွှေး(ခ)ဆေးဆရာသည် ဆိုင်ကယ်ကယ်ရီ အတူမောင်းနှင်စဉ် သေဆုံးသူ လင်းလင်းထွန်းနှင့် ခင်မင်ရင်းနှီးခဲ့ရာမှ တူမဖြစ်သူနှင့် ရည်းစားဖြစ်နေကြောင်းကိုသိရှိခဲ့ရပြီး ထိုအကြောင်းကိုအစ်ကိုဖြစ်သူ မျိုးဇော်ဦးအားပြောပြခဲ့ရာ မျိုးဇော်ဦးမှ သမီးဖြစ်သူကိစ္စနှင့်ပတ်သက်၍ လင်းလင်းထွန်းနှင့် စကားပြောဆိုရန် ဇင်ဘိုအောင်အား ချိန်းဆိုခိုင်းသဖြင့် မေလ ၈ ရက်နေ့ ညနေပိုင်းတွင် လင်းလင်းထွန်းအားဝါယာလက်ဈေးရှိ လက်ဘက်ရည်ဆိုင်သို့ ခေါ်ဆောင်၍စကားပြောဆိုနေစဉ် အစ်ကိုဖြစ်သူ မျိုးဇော်ဦးနှင့် တင်မင်းလတ်(ခ)အာဝါးတို့ ၂ ဦးမှ 6J---- ပရိုဘောက်အငှားယာဉ်ဖြင့် ရောက်ရှိလာပြီး မင်္ဂလာကိစ္စပြောဆိုရန်အတွက် ထောက်ကြန့်ရှိအဒေါ်အိမ်သို့သွားမည်ဟုပြောဆိုခေါ်ဆောင်လာကာ Tiger ဘီယာစက်ရုံလမ်းကြားအတွင်းသို့မောင်းနှင်လာပြီး ၃/၄ဖာလုံခန့် အရောက်တွင်ကားအားရပ်ကာ လင်းလင်းထွန်း ၏ပါးစပ်အားမျက်နှာသုတ်ပ၀ါဖြင့် ချည်နှောင်ပြီး လက်နှစ်ဘက်အား တိတ်ဖြင့်ပတ်၍ ချုပ်နှောင်ကာ တင်မင်းလတ်မှ သံပိုက်လုံးဖြင့်ရိုက်၊ မျိုးဇော်ဦးမှ အသင့်ပါလာသော ဓားမြှောင်ဖြင့်ထိုးခဲ့ပြီး အခင်းဖြစ်နေရာ၌ထားခဲ့ကာ ပြန်လာခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဇင်ဘိုအောင်(ခ)ချစ်မွှေး(ခ)ဆေးဆရာနှင့် တင်မင်းလတ်(ခ)အာဝါးတို့ ၂ ဦး အားဖမ်းဆီးရမိခဲ့ပြီး အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား သိမ်းဆည်းရမိခဲ့ကာ ကျန်ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6392,interview,206,Live,8,LocalNews,14052,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: မင်္ဂလာဒုံ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိ
မင်္ဂလာဒုံ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိ
https://1.bp.blogspot.com/-8XEyNwKWCU4/WRLXa1S6euI/AAAAAAABKNM/15NPJ3E8_PIEC6AMykNAb-RVs7ywkye8ACLcB/s400/3.jpg
https://1.bp.blogspot.com/-8XEyNwKWCU4/WRLXa1S6euI/AAAAAAABKNM/15NPJ3E8_PIEC6AMykNAb-RVs7ywkye8ACLcB/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2017/05/blog-post_444.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/05/blog-post_444.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy