တန်ဇန်နီးယား ကားဂျောက်ထဲကျ ကျောင်းသား ၃ဝ ကျော် သေဆုံး


ဓါတ်ပုံ - ဖေ့ဘွတ်ခ်
အာဖရိကတိုက် တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းမှာ မနေ့က ဘတ်စ်ကားငယ်တစင်း ဂျောက်ထဲကျလို့ ကျောင်းသား ၃၂ ဦးနဲ့ ဆရာဆရာမ ၂ ဦး သေဆုံးသွားပါတယ်။

တောင်အဆင်းလမ်းမှာ မိုးရွားနေစဉ် အခုလိုဖြစ်ပွားခဲ့ကြောင်းနဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လား၊ ကားမောင်းသူပေါ့ဆမှုကြောင့်လား ဆိုတာ စုံစမ်းနေဆဲပဲလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အသက်ဆုံးပါးခဲ့ရတဲ့ ကျောင်းသားအားလုံးဟာ အသက် ၁၂ နဲ့ ၁၃ နှစ်အတွင်းရှိ ၇ တန်းကျောင်းသားတွေဖြစ်ပါတယ်။

တန်ဇန်နီးယားသမတ John Magufulli ဂျွန် မာဂူးဖူးလီ က ဒီဖြစ်ရပ်ဟာ နိုင်ငံတော်ရဲ့ကြေကွဲဖွယ်ပါပဲလို့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ကားလမ်းတွေဆိုးဝါးလှတဲ့ တန်ဇန်နီးယားမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကားလမ်း မတော်တဆမှုကြောင့် လူ တသောင်းကျော် အသက်ဆုံးပါးခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.