ရေပူဂိတ်နဲ့ ၁၀၅ မိုင်မှာ အသံမိုင်းပေါက်



( ရှမ်းပြည်နယ် လားရှိုး - သိန္နီလမ်းပိုင်းပေါ်မှာရှိတဲ့ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေး စခန်းကို တွေ့ရစဉ် )Photo: Kan Thar/RFA
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးနဲ့ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းအနီး တို့မှာ မနေ့က မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက ရန်တိုင်းအောင်ဆုတောင်းပြည့်ဘုရား စောင်းတန်းမှာ ညနေ ၄ နာရီဝန်းကျင်က မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

"ညနေ ၄ နာရီ ၅မိနစ်လောက်မှာအသံမိုင်းကွဲတယ်၊၁၀၅ကုန်သွယ်ရေးဇုန်မှာ ဘုရားကုန်းရှိတယ်၊ အဲ့ဒီဘုရားကုန်းတက်တဲ့လမ်း မိုင်းနှစ်လုံး တစ်လုံးကမကွဲဘူး၊ တစ်လုံးက ကွဲသွားတယ်၊ လူတို့တိရိစ္ဆာန်တို့ ထိခိုက်ပျက်စီးမှုမရှိပါဘူး။"

အလားတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဝန်း အတွင်းဘက် မှာလည်း မနေ့ည ၁၁ နာရီခွဲဝန်း ကျင်က အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့သိရပါတယ်။

မိုင်းပေါက်ကွဲမှုတွေကို ဘယ်သူပြုလုပ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး လုံခြုံရေးကိုလည်း အရင်ကထက်ပိုပြီး တင်းကြပ်ဆောင်ရွက်ထားတယ်လို့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ် တာဝန်ခံ၊ အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။

အခုလို မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း ကုန်သွယ်ရေးကို ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.