ဂျာကာတာမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရဲ၃ဦး သေဆုံး

ဂျာကာတာမြို့ အရှေ့ပိုင်းက ဘတ်စ်ကား မှတ်တိုင်တခုနားမှာ ဗုံးပေါက်ခွဲခဲ့
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အသေခံ ဗုံးခွဲသမားလို့ ယူဆရတဲ့ လူနှစ်ဦးရဲ့ တိုက်ခိုက်မှုတွေကြောင့် ချီတက်လမ်းလျှောက်ပွဲတခုကို စောင့်ကြပ်ပေးနေတဲ့ ရဲအရာရှိ ၃ဦး သေဆုံးသွားတယ်လို့ ရဲတွေက ပြောပါတယ်။

ဂျာကာတာမြို့ အရှေ့ပိုင်းက ဘတ်စ်ကားမှတ်တိုင်တခု နားမှာ ၅မိနစ်ခြား ပေါက်ကွဲခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုတွေအတွင်း တခြားလူ ၁၀ဦးလည်း ဒဏ်ရာရသွားပါတယ်။

ဗုံးခွဲသမားတွေလို့ ယူဆရသူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး သူတို့ ဘယ်သူဘယ်ဝါဆိုတာကို နောက်ပိုင်းမှာ ထုတ်ဖော်ကြေညာမယ်လို့ ရဲပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒီဖေါက်ခွဲတိုက်ခိုက်မှုကို ဘယ်သူက နောက်ကွယ်ကနေ လုပ်ခဲ့တာလဲ ဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့် ကမ္ဘာပေါ်မှာ မူဆလင် လူများစု အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အစွန်းရောက်ဝါဒ တဖြည်းဖြည်း ကြီးထွားလာနေတာနဲ့ ပတ်သက်လို့ အာဏာပိုင်တွက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.