မြိုတိုင်းရင်းသား ၂ ဦး ဓါးများဖြင့် ၀ိုင်းခုတ်ခံရ၍ မောင်တောဆေးရုံတင်ထားရ


နိရဉ္စရာ၊ မေ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ် (၄) နယ်မြေ နတ်ချောင်းအုပ်စုတွင် လဘော် မြိုလူမျိုးများ နေထိုင်သည့် ကျေးရွာအနီးတွင် မြိုလူမျိုး ၂ ဦးအား ဘင်္ဂလီရွာသားများမှ ဓါးများဖြင့် ၀ိုင်းခုတ်၍ ယခုအခါ မောင်တော ဆေးရုံတွင် တင်ထားရသည်ဟု သတင်းရရှိသည်။

မေလ ၉ ရက်နေ့က လူပေါင်း ၃၀ ခန့်ပါဝင်သော ဘင်္ဂလီအုပ်စု တစ်ခုသည် မြို့လူမျိုးများ စိုက်ပျိုး ထိန်းသိမ်း စောင့်ရှောက်ထားသော နတ်ချောင်းအုပ်စု၊ လဘော် မြိုကျေးရွာအနီးရှိ ၀ါးတောများကို ၀င်ခုတ်ကြကြောင်း၊ ထိုသို့ ၀င်ခုတ်သည်ကို ကြားသိရသဖြင့် မြိုလူမျိုးများ ဖြစ်ကြသည့် ဦးရန်ကို (၆၅) နှစ်(ဘ) မီးချိုင်းနှင့် နတ်ချောင်းမြိုရွာနေ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သာ (၅၀) နှစ် (ဘ) မန်တောင်းတို့က ၀ါးများကို မခုတ်ရန် ဟန့်တားခဲ့ကြကြောင်း၊ ဘင်္ဂလီရွာသား ၃၀ ခန့်ထဲ တစ်ချို့မှ သူတို့ ၂ ဦးအား ထိုသို့ဟန့်တားရပါ့မလားဟု ဆိုကာ ဓါးများဖြင့် ၀ိုင်းခုတ်ကြသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူဟောင်း ဦးမောင်သာက နိရဉ္စရာသို့ ပြောကြားသည်။
“ ကျွန်တော်တို့က ဒီဝါးတောတွေဟာ ဥပဒေ ပုဒ်မ (၁၅) နဲ့ တားဆီးထားတယ်။ မခုတ်ရဘူးဆိုပြီး ဟန့်တားပါတယ်။ ဒါကို ၀ါးမခုတ်ရရင် လူကို ခုတ်မယ်ဆိုပြီး လိုက်ပြီး ဓားတွေနဲ့ ခုတ်ကြပါတယ်။ ကျွန်တော် ဦးခေါင်းမှာရော၊ လက်တွေ၊ ခန္ဓာကိုယ်တွေမှာပါ ဒဏ်ရာ ရရှိခဲ့ကြပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူဟောင်း ဦးမောင်သာ ဆက်လက် ပြောကြားသည်။


သူတို့နှစ်ဦးအား အနီးအနားရှိ မြိုကျေးရွာသားများက ကယ်တင်ခဲ့ရပြီး ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ဓါးခုတ် ရာတွင် ပါဝင်သူများမှာ အနီးပတ်ဝန်းကျင် ဘင်္ဂလီရွာများ ဖြစ်ကြသော တပ်ချောင်း၊ နတ်ချောင်း၊ လောင်းဘုတ်၊ ဒေ၀ါနာလီတို့မှ ဖြစ်ကြပြီး ပါဝင်သူများမှာ ကိုရာမျာ (တပ်ချောင်း)၊ ရောဖိဒ်၊ မာမတ်ဟူဆောင်းတို့ ဖြစ်ကြသည်ဟု သူကဆိုသည်။


ဓါးခုတ်ခံရသူ နှစ်ဦးကို ယမန်နေ့ မေလ ၁၀ နံနက် ၁၀ နာရီခန့် က ကြိမ်ချောင်းတိုက်နယ်ဆေးရုံမှ မောင်တောမြို့နယ်ဆေးရုံသို့ ယူဆောင်လာခဲ့ပြီး ယခုအခါ ဆေးရုံတွင် တက်ရောက်ကုသနေကြသည်ဟု သိရသည်။
“ ဒီလို ဓါးနဲ့ တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရရှိသူ နှစ်ဦး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းမှာ အမှုဖွင့် ဆောင်ရွက်နေသလို နယ်မြေခံတပ်ရင်းတွေနဲ့ နယ်ခြားစောင့်ရဲ အဖွဲ့ဝင်တွေက ပူးပေါင်းပြီး ဓါးခုတ်ရာမှာ ပါဝင်တဲ့ တရားခံတွေကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု နယ်မြေရဲစခန်းမှ တာဝန်ရှိ အရာရှိ တစ်ဦးက ပြောသည်။

ယခုအခါ ဓားခုတ်ရာတွင် ပါဝင်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။

အောင်ကျော်မင်း (မောင်တော)
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.