ဂျပန် အနောက်တောင်ပိုင်းရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွား၊ လူ ၆ ဦး သေဆုံး



ဂျပန်နိုင်ငံတွင် မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံနှင့် မီးသတ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
     တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။

မီးခိုးငွေ့ကြောင့် အသက်ရှူကြပ်ကာ ဒဏ်ရာရရှိသူများအနက် အမျိုးသား ၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း ဒေသခံ သတင်းများအရ သိရသည်။သစ်သားနှင့် ဆောက်လုပ်ထားသော နှစ်ထပ် အဆောက်အအုံ တစ်လုံးနှင့် အနီးရှိ အိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးမှု များပြားခဲ့ကြောင်း မီးသတ်သမားများက ပြောသည်။

အခင်း ဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့ ပြောကြားချက်အရ အိမ်ရာ တစ်ခုတွင် တိုက်ခန်း ၁၆ ခန်းစီ ပါရှိကြောင်း၊ သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အိမ်ရာ၌ နေထိုင်သူ သုံးဦးမှာ မီးဘေးမှ ကင်းလွတ်ကြောင်းနှင့် အခြား နှစ်ဦးမှာ ဆက်သွယ်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

မီးလောင်မှုအား မေလ ၇ ရက် ည ၁၁း၂၀ နာရီတွင် ပထမဆုံး တွေ့ရှိခဲ့ပြီး မေလ ၈ ရက် နံနက်ပိုင်း ဒေသစံတော်ချိန် ၃း၃၀ နာရီ၌ မီးတောက်များ ကြီးလာခဲ့သည်ဟု ဆိုသည်။မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အဆောက်အအုံမှာ JR Minamikokura ရထားဘူတာ အနောက်မြောက်ဘက် မှ မီတာ ၇၀၀ ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.