စင်ကာပူလေကြောင်းလိုင်း လေယာဉ်လက်မှတ်အရောင်းပွဲတော် မေ (၁၂) မှ (၁၅) အထိ ကျင်းပမည်


Singapore Airlines နှစ်(၇၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်အရောင်းပွဲတော်ကို မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက် တိုင်တိုင် Myanmar Plaza တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လက်မှတ်အရောင်းပွဲတော်တွင် ရန်ကုန်နှင့် မန္တလေးမြို့မှ ကမ္ဘာ့နေရာဒေသပေါင်း ၆၀ ကျော်သို့ သွားရောက် နိုင်မည့် Economy Class ၊ Premium Class နှင့် Business Class လေယာဉ်လက်မှတ်များကို အချိုသာဆုံး သော ဈေးနှုန်းများဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အထူးဈေးနှုန်းဖြင့် ရောင်းချသော လေယာဉ်လက်မှတ်များတွင် ခရီးဆောင်အိတ် ကီလို ၃၀ သယ်ယူခွင့်၊ မိမိစိတ်ကြိုက် ထိုင်ခုံကြိုတင်ရွေးချယ်ခွင့်နှင့် ခရီးစဉ်အတွင်း အစားအသောက်များ တည်ခင်းကျွေးမွေးမှုများ ပါဝင်မည်ဖြစ်ပြီး ခရီးသည်များအနေနှင့် လေယာဉ်တွင်းဖျော်ဖြေရေးအစီအစဉ် အမျိုးပေါင်း ၁၉၀၀ ကျော်ကို လည်း ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွင်း လာရောက်ဝယ်ယူသူများအနေဖြင့် Singapore Airlines ၏ လက်ဆောင်များအပြင် စင်ကာပူသို့ သွားရောက်လည်ပတ်မည့်ခရီးသည်များအတွက် Singapore Explorer Pass ၊ စင်ကာပူမှတဆင့် အခြားဒေသများသို့ ခရီးသွားမည့်သူများအနေဖြင့် ချန်ဂီလေဆိပ်တွင် စင်ကာပူဒေါ်လာ ၂၀ တန် Changi Dollar Voucher တို့ကို ရရှိမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို ကံစမ်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လတ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.