ဂျပန်မှာ ဘွဲ့ရတွေ စံချိန်တင် အလုပ်ရလာ


အခုလို စစ်တမ်းကို စတင်ကောက်ယူခဲ့တဲ့ ၁၉၇၃ နောက်ပိုင်း ပထမဆုံး စံချိန်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်
ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ်တွေအတွက် အလုပ်ရဖို့အခွင့်အလမ်းဟာ စံချိန်တင် ကောင်းမွန်လာခဲ့ပြီး ဒီနှစ်ထဲ ဘွဲ့ရသူအရေအတွက်ရဲ့ ၉၇ ရာခိုင်နှုန်းအထိ အလုပ်ရခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ အခုလို စစ်တမ်းကို စတင်ကောက်ယူခဲ့တဲ့ ၁၉၇၃ နောက်ပိုင်း ပထမဆုံး စံချိန်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သမား အရေအတွက် ဆိုးဆိုးရွားရွား ရှားပါးမှုအပြင် အစိုးရဘက်ကလည်း နိုင်ငံခြားသား အလုပ်သမားတွေ များများ လက်ခံဖို့ တွန့်ဆုတ်နေတာကြောင့် ဂျပန်နိုင်ငံက ဘွဲ့ရတွေကိုသာ အလုပ်ခန့်တဲ့ လုပ်ငန်းရှင်တွေဟာ အထက်တန်း ကျောင်းသားနဲ့ အတတ်ပညာသင်ကျောင်းက ကျောင်သားတွေကို အလုပ်ခန့်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

ဂျပန်ရဲ့ စီးပွားရေးဟာ နှစ်ပေါင်းများစွာ တိုးတက်မှုမရှိပဲ ဖြစ်နေရာကနေ ဆယ်နှစ်အတွင်း တိုးတက်နေတဲ့ ကာလ အကြာဆုံး စံချိန်တင်တဲ့အထိ လတ်တလော ကောင်းမွန်လာခဲ့တာ ပြီး တနှစ်လုံး တိုးနှုန်းအနေနဲ့ ၂.၂ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.