အမြန်ဆုံးသက်သာလာစေဖို့ သစ္စာပြုဆုတောင်းပေးခဲ့တယ်

ရန်ကုန်။ ။ မေ ၁၉ အန်အယ်ဒီရဲ့ နာယကဦးတင်ဦးရောဂါအမြန်ဆုံးသက်သာလာစေဖို့ သစ္စာပြုဆုတောင်းပေးခဲ့တယ်လို့ ဆရာတော်အရှင် ဆန္ဒာဓိကကမိန့်ပါတယ်။ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော ရောဂါကုသမှုဌာနရဲ့ အထူးကြပ်မတ်ဆောင်ကို ဆရာတော်အရှင်ဆန္ဒာဓိကက သည်ကနေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှုခဲ့စဉ် မိန့်ကြားခဲ့တာဖြစ်ပါတယ်။

“ဒကာကြီးက အမှောင်ခေတ်မှာ နိုင်ငံသူနိုင်ငံသားတွေကို နိုင်ငံရေးအတွေးအခေါ်နဲ့ပတ်သတ်တာတွေ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ ဦးနှောက်သွေးကြောတွေဖွင့်ပေးခဲ့တယ်။ ဒီစကားဟာမှန်ပါတယ်။ ဒီမှန်တဲ့သစ္စာစကားကြောင့် ဒကာကြီးမှာ ခံစားနေရတဲ့ ဝေဒနာတွေပျောက်ပါစေလို့ ဆရာတော်လည်း သစ္စာပြုဆုတောင်းပါတယ်။ သူ့ကိုလည်း သစ္စာပြုခိုင်းတယ်။” လို့ အရှင်ဆန္ဒာဓိက ကမိန့်ကြားခဲ့ပါတယ်။
ဦးတင်ဦးဟာ ပြီးခဲ့တဲ့မေလ ၁၇ ရက်က သူ့နေအိမ်ရှိ ရေချိုးခန်းမှာ ချော်လဲကာ ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

Author – ဝင်းနန္ဒာ
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.