အခုပညာသင်နှစ်အတွင်းမှာပဲ ကျောင်းကားအားလုံးအစားထိုး ပြောင်းလဲသွားမယ်


လာမယ့် (၂၀၁၇-၂၀၁၈) ပညာသင်နှစ်မှာ လိုက်ထရပ်ယာဉ်တွေနဲ့ ကျောင်းကားပြေးဆွဲခွင့် ဆက်လက်ခွင့်ပြုဦးမှာဖြစ်ပေမယ့် ဒီပညာသင်နှစ် အတွင်းမှာပဲ အားလုံး အစားထိုးပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဆင့်ဆင့် တဖြည်းဖြည်းချင်း အစားထိုးသွားမှာဖြစ်ပြီး ပထမတစ်သုတ်ကို အောက်တို ဘာလအထိ (၃၀)ရာခိုင်နှုန်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

 (၂၀၁၈) ခုနှစ် ဇန်န၀ါရီလမှာတော့ လိုက်ထရပ်ယာဉ်တွေကို ကျောင်းပို့၊ ကျောင်းကြို လုံးဝခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ YRTA ရဲ့ ကျောင်းကားစနစ်ကို အခု စာသင်နှစ်မှာ စတင်မှာဖြစ်ပြီး လေ့လာချက်အရ ကျောင်း (၂၆)ကျောင်း အနက် ကျောင်း (၂၂)ကျောင်းမှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ YRTA အနေနဲ့လည်း ကျောင်းကားစီမံချက်ကို အကောင် အထည်ဖော်ဖို့ ကိုရီးယားနိုင်ငံကနေ အစိုးရချင်းချိတ်ဆက်မှုနဲ့ ကျောင်းကား အစီး (၂၀၀) အခုကျောင်းဖွင့်ရာသီမှာ စတင်သုံးစွဲသွားမှာဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.