ကုလလုံခြုံရေး ကောင်စီ မြောက်ကိုရီးယား ပြဿနာ အရေးပေါ်ဆွေးနွေးမည်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ နောက်ဆုံးပြစ်လွှတ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲဒီ စည်းဝေးပွဲကို အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဥရုဂွေးနိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားက တောင်ပိုင်း Pyeongan ခရိုင်အတွင်းကနေ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အဲဒီ ပဲ့ထိန်းတပ် ဒုံးကျည်ကို ပစ်လွတ်လိုက်တာမှာ ကီလိုမီတာ ၅၀၀ လောက်အထိ ရောက်သွားပြီး နောက်ပိုင်းမှာ ဂျပန် ပင်လယ်အတွင်း ကျသွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားက နောက်ထပ် ရန်လိုတဲ့ လုပ်ရပ်တွေ ပြုလုပ်လာမယ့် အရိပ်လက္ခဏာတွေကို သူတို့အနေနဲ့ စောင့်ကြည့်နေကြောင်းနဲ့ စစ်ရေးအရလည်း အသင့်အနေထားမှာ ရှိနေကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် တည်ဆောက်မှု အစီအစဉ်တွေကို ရပ်တန့်ဖို့ သတိပေးတဲ့ အနေရော၊ မြောက်ကိုရီးယားက အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ရော အမေရိကန် ရေတပ် တိုက်ခိုက်ရေးအုပ်စု တခုကို ကိုရီးယားကျွန်းဆွယ်ကို သမ္မတ Donald Trump က စေလွတ်ခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.