တပ်သိမ်းမြေ ပြန်ရရေးတောင်းဆို



(လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာတွင်တပ်သိမ်းမြေပြန်စွန့်လွှတ်ပေးဖို့  မေလ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် )Photo - Anthony Tu Reh Facebook
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၉၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ ဒေသခံတောင် သူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

စိုက်ပျိုးချိန်အမီ လယ်ယာမြေတွေပြန်ပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုတာလို့ ဒေသခံတောင်သူ ဦးဖဲဘူးက ပြောပါတယ်။

"လက်ရှိ ကျနော်တို့ လယ်ယာတောင်ယာလုပ်နေတာ ၉၀၀ ကျော်တယ် သူတို့သိမ်းထားတာ ၂၀၀၀ ကျော်တယ် ကျနော်တို့မြေတွေကို ပြန်ရဖို့ စိုက်ပျိုးချိန်အမီပြန်ရဖို့ မျှော်လင့်ပြီး သတင်းစာရှင်း လင်းပွဲလုပ်တာပါ"

၁၉၉၀ ခုနှစ်လောက်က တပ်မတော်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၆၁၊ ၂၅၀၊ အမတ ၃၅၆ ၊ BE တပ်နဲ့ ဆက်သွယ်ရေးတပ်တွေက လွိုင်ကော်မြိ့နယ်မှာရှိ တဲ့ ကျေးရွာ ၁၃ ရွာက လယ်ယာမြေဧက ၂၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ တာ ဖြစ်ပါတယ်။

အဲဒီလိုသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ ဒေသခံ ၂၀၀ ကျော် ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၉၀၀ ကျော် ပါဝင်နေတာဖြစ်ပါတယ်။

စတင် သိမ်းဆည်းခဲ့တဲ့အချိန်က ဒေသခံတွေကို အဲဒီလယ်ယာမြေတွေမှာ သီးစားလုပ်ကိုင်ခွင့်ပေးခဲ့ပေ မယ့် ၂၀၁၂ ခုနှစ်မှာတော့ တပ်မတော်မြေမှာ သီးစားလုပ်ကိုင်တယ်ဆိုပြီး လက်မှတ်ရေးထိုးပြီးမှ လုပ်ခွင့်ပြုခဲ့ပါတယ်။

ဒေသခံတွေက သူတို့ပိုင်ဆိုင်တဲ့လယ်ယာမြေတွေကို လက်မှတ်ရေးထိုးပြီးမှ လုပ်ကိုင်ခွင့်ပြုတာကို မလိုချင် တော့တဲ့အတွက် လယ်ယာမြေတွေကို ပြန်ပေး ဖို့ ၂၀၁၄ ခုနှစ်ကနေ အခုနှစ် ၂၀၁၇ ခုနှစ်အထိ စာပေးပို့တင်ပြ စတင်တောင်းဆိုလာခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းပေး တာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.