မဘသအဖွဲ့ဖျက်သိမ်းဖို့ သံဃမဟာနာယကအဖွဲ့ ညွှန်ကြား



မဘသ တတိယအကြိမ်မြောက် ညီလာခံ
အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုင်းပုဒ်တွေကိုလည်း ဇူလှိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖြုတ်သိမ်းဖို့လည်း အဲဒီအမိန့်စာမှာ ညွှန်ကြားထားပါတယ်။

မဘသ လို့ သိကြတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဖျက်သိမ်းဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)က ဒီကနေ့ ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ မဘသ အဖွဲ့ဟာ တရားမ၀င်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ဒီနာမည်သုံးပြီး လှုပ်ရှားဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ ဒီကနေ့မှာကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးကနေ ဆုံးဖြတ်ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုင်းပုဒ်တွေကိုလည်း ဇူလှိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖြုတ်သိမ်းဖို့လည်း အဲဒီအမိန့်စာမှာ ညွှန်ကြားထားပါတယ်။

တကယ်လို့ မဘသ အမည်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ မဘသ အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ ပထမဆုံးအကြိမ် ညီလာခံခေါ်ယူပြီး ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ဒီအဖွဲ့မှာ ရဟန်းသံဃာတွေရော လူပုဂ္ဂိုလ်တွေပါ ပါဝင်ပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုပြီး အမျိုးသားလှုပ်ရှားမှုတွေမှာ ဦးစီး ဦးဆောင်ပြုခဲ့ပြီး၊ အဲဒီအထဲက ဦးဆောင်သူအချို့ဟာ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် လှုံဆော်မှုတွေရှိခဲ့တယ်လို့ စွတ်စွဲခံနေရတာပါ။ မဘသ အဖွဲ့ကတော့ ဒါဟာ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ လုပ်ဆောင်မှုတွေသာဖြစ်ပြီး၊ မဘသ နဲ့မဆိုင်ဘူးလို့ ဖြေရှင်းချက်ထုတ်ခဲ့ဖူးပါတယ်။

လက်ရှိ NLD အစိုးရတက်လာပြီးတဲ့နောက် မဘသ အဖွဲ့နဲ့ အာဏာပိုင်တွေအကြား တင်းမာမှု ပိုကြီးလာခဲ့သလို၊ လူမျိုးရေး ဘာသာရေး အသွင်ဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုတွေကလည်း ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ အခုလို မဘသ အဖွဲ့ ဖျက်သိမ်းဖို့ ညွှန်ကြားချက်နဲ့ပတ်သက်လို့တော့ သာသနာရေးဝန်ကြီးဌာနဖက်က တစုံတရာတုန့်ပြန်ပြောဆိုခြင်း မလုပ်ပါဘူး။

သံဃအဖွဲ့အစည်းစည်းမျဉ်းတွေအရ မြန်မာနိုင်ငံမှာ သံဃာဂိုဏ်း ၉ ခုပဲရှိရမှာဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကတော့ ဒါဟာ မဟနဆရာတော်ကြီးတွေရဲ့ အညင်သာဆုံးကိုင်တွယ်ဖြေရှင်းမှုဖြစ်တယ်လို့ ချီးကျူးမှတ်ချက်ပေးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.