ဂျပန်နိုင်ငံ၌ ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူ ၆ ဦးဒဏ်ရာရ



ဂျပန်နိုင်ငံ၌ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်က ဖြစ်ပွားခဲ့သော လူပေါင်း ၁၉ ဦးသေဆုံးခဲ့ရသည့် ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    တိုကျို ၊ မေ ၂၁ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ အရှေ့ ပိုင်း Chiba စီရင်စုရှိ ပန်းခြံတစ်ခုထဲတွင် ယနေ့ ( မေလ ၂၁ ရက် ) နံနက်ပိုင်းက ဓားကိုင်ဆောင်ထားသော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့ က ပြောကြားရာတွင် Matsudo မြို့ ရှိ ပန်းခြံတစ်ခု၌ ဘက်ရိုက်တံ နှင့် ဓားကို အသုံးပြု၍ လူတစ်ယောက်က တိုက်ခိုက်မှုကို ကျူးလွန်နေသည် ဆိုသည့် ဖုန်းခေါ်ဆိုမှုကို နံနက် ၁၁ နာရီ ၂ဝ မိနစ်ခန့် တွင် လက်ခံရရှိခဲ့ကြောင်း ဆိုသည်။

ဓားကိုင်တိုက်ခိုက်သူအပါအဝင် ဒဏ်ရာရသူ ၆ ဦး ရှိပြီး ၄င်းတို့ အား နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ထားကြောင်း နှင့် ၄င်းတို့ အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ဓားကိုင်တိုက်ခိုက်သူ နှင့် တိုက်ခိုက်ရသည့် အကြောင်းကို သိရှိရန် ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.