မကွေးမှာ လေပြင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီး



( မကွေးမြို့မှာ မေလ ၂၁ ရက်နေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဓါတ်တိုင်တွေကို တွေ့ရစဉ် )Photo: Kzm
မကွေးမြို့မှာ မနေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြသလွန်ဘုရား သာသနိက အဆောက်အအုံတချို့နဲ့ လူနေအိမ် ၂၀၀ကျော်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

မေလ ၂၁ ရက်နေ့ ညနေ ၅ နာရီကစပြီး မိနစ် ၂၀ ကျော်ကြာတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် မကွေးမြို့ပေါ်က ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၄ ရွာက လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေးတိုင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ကပြောပါတယ်။

"မကွေးမြို့ရဲ့ကမ်းနားလမ်းတစ်ဝိုက်မှာရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်တို့ မြို့ဟောင်းရပ်ကွက်တို့ ၊ဆုံရပ်ကွက်တို့ မြသလွန်ရဲ့ ခြေရင်းအနီးမှာရှိနေတဲ့ ရွာလေးတွေပေါ့၊ အဲလို့နေရာတွေမှာ အဓိကဖြစ်သွားတာ၊ သစ်ပင်အကြီးတော်တော်များများတော့ လမ်းတွေ ပိတ်ဆို့အောင် လဲသွားတာ ဓာတ်တိုင်တွေလဲသွားတာ မီးကြိုးတွေ ပြတ်သွားတာရှိတယ်၊ အဓိကအားဖြင့်အမိုးလန်တဲ့ အိမ်တွေက ရာနဲ့ချီပြီးရှိတယ်။ ယာဉ်တစ်စီးပေါ်ကို သစ်ပင်လဲပြိုကျတယ် အိမ်လည်းပိတယ်၊ ကားလည်းပျက်စီးသွားတယ်၊ ဒါမျိုးတွေလည်းရှိတယ်"

လေပြင်းကြောင့် လူတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့လည်း ပြောပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့အနေနဲ့ ပြိုလဲခဲ့တဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းတာ၊ လျှပ်စစ်ဓာတ်ကြိုး တွေ ရှင်းလင်းပြီး လျှပ်စစ်မီး ပြန်ရဖို့ဆောင်ရွက်တာနဲ့ ပျက်စီးခဲ့တဲ့ အိမ်တွေကို ထောက်ပံ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဒီနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဂန့်ဂေါ ၊ ထီးလင်း၊ ပခုက္ကူ၊ ကံမ စတဲ့ မြို့နယ်တွေမှာ လူနေအိမ်ပေါင်း ထောင်နဲ့ချီကာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.