ဒုရဲမှူးကိုဓားဖြင့်ခုတ်၍ ထွက်ပြေးလွတ်မြောက်နေသည့်တရားခံပြေးဖမ်းမိ


မြစ်ကြီးနား မေ ၁၁

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကို ဓားဖြင့်ခုတ်ပြီး ထွက်ပြေးလွတ် မြောက်နေသည့် တရားခံပြေးတစ်ဦးအား မေလ ၈ ရက် နံနက် ၁၁နာရီက ဖမ်းဆီး ရမိခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါတရားခံပြေးသည် ၂ဝ၁၆ခုနှစ် စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီ တွင် မူးယစ်ဆေးဝါးသတင်းအရ ဝင် ရောက်ဖမ်းဆီးခဲ့ရာ တရားခံများမှ တုတ်၊ ဓားများဖြင့် ပြန်လည်ခုခံခဲ့သဖြင့် ဒုရဲမှူး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၄င်းကိုင်ဆောင် ထားသည့် ပွိုင့် ၃၂ ခြောက်လုံးပြူးတစ် လက် ကျည် ၁၈ ထောင့်ကို ယူကာ ထွက်ပြေးသွားသည့်တရားခံပြေးဖြစ်သည်။

မိုင်းနောင်ကျေးရွာ၏ အနောက်တောင် ဘက် တစ်မိုင်ခန့်အကွာရှိ ကျောက်ဆင် ရုပ်၏အထက်ဘက်တောစပ် ဝါးရုံဘုရား တွင် တရားခံက ရုပ်ဖျက်ပြီးထိုင်နေသည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းငွေက အကြောင်းကြားလာသဖြင့် လုံးတုံရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ပြီး ယခင် တရားခံပြေးတစ်ဦး ဖြစ်သည့် ဦးအောင်ကျော်ဝင်း(ရှမ်းကွက်သစ်ရပ်ကွက်၊ နန့်မွန်းကျေးရွာ)နေထိုင်သူအား ဆပ်ပြာ ခွက်တွင် ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသည့် ရွှေဝါရောင်အမှုန့်များနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံ ဦးအောင်ကျော်ဝင်း(ခ) ဘိုးတော်အား မယ(ပ) ၃၆/၂ဝ၁၆၊ မူး/စိတ် ပုဒ်မ-၁၅/၁၉(က) /၂ဝ(က)/ ၂၂ (ခ) /၂၁/၁-၅၁၂ နှင့် ရာဇသတ်ကြီး ပုဒ်မ-၃၃၃/၁၁၄/၅၁၂ အပြင် လက်နက် အရေးပေါ်(ယာယီ) အက်ဥပဒေပုဒ်မ-၂(၁)(က)/၁-၅၁၂ တို့ဖြင့် ဖမ်းဆီးအရေး ယူထားကြောင်း သိရသည်။

EPN
The Union Daily
https://www.facebook.com/uniondaily.net
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.