မိုင်းဟောင်းကို ကစားရာကနေ ကိုရင် ၁၀ ပါး ဒဏ်ရာရ


မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိတဲ့ ကိုရင်တပါးကို သယ်ဆောင်လာစဉ်
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိတဲ့ ကိုရင်တပါးကို သယ်ဆောင်လာစဉ်
Photo: TYO
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မုံးယင်ကျေးရွာ ဇေယျာသုခကျောင်းက ကိုရင်လေးတွေဟာ ဒီကနေ့မနက် ၁၀ နာရီအချိန်က မိုင်းဟောင်းတစ်လုံးကို ကစားမိတာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကိုရင် ၁၀ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။

မုံးယင်ကျေးရွာ ဇေယျာသုခကျောင်း နဲ့ ပေ၅၀၀ လောက်အကွာမှာ အရင်ကတပ်မတော် စစ်စခန်းရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ တပ်စခန်းက အဲဒီမြေကို ဘုန်းကြီးကျောင်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရှမ်းလူငယ် အဖွဲ့ TYO ရှမ်းပြည်နယ်မြောက်ပိုင်း ဥက္ကဌ ကိုစိုင်းဟန် ကပြောပါတယ်။

ဘုန်းကြီးကျောင်းက မြေညှိတဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၈ရက်က လုပ်ကိုင်ခဲ့ပြီး ကိုရင်တွေက မနေ့က အဲဒီနေရာမှာ သွားရောက်ကစားရင်း မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးကို တွေ့ရှိယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာတော့ ကျောင်းပေါ်ကနေ ကိုရင်တစ်ပါးက အောက်မှာ ကစားနေတဲ့ ကိုရင်အုပ်ထဲကို မိုင်းတစ်လုံးပစ်ချလိုက်ရာမှာ ကိုရင် ၁၀ ပါး ထိခိုက်မိတာလို့  ကိုစိုင်းဟန် ကပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ ကိုရင်တွေကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး တစ်ပါးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

လားရှိုးဆေးရုံမှာ ဆေးကုသနေတဲ့ ကိုရင်တွေထဲမှာ လေးပါးက ဒဏ်ရာအနည်းငယ်ပြင်းထန်တာကို တွေ့ရပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.