တပ်မတော်အား စွပ်စွဲပြောဆိုခြင်း မပါဝင်ကြောင်း ဦးဝင်းထိန်ပြော



တပ်မတော်အား စွပ်စွဲပြောဆိုခြင်း မပါဝင်ကြောင်း ဦးဝင်းထိန်ပြော
နေပြည်တော်၊ မေ ၆။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့သည့် သတင်းများကြောင့် သတင်းမီဒီယာများ မေးမြန်းမှုအပေါ် ဖြေကြားခြင်းတွင် တပ်မတော်အား စွပ်စွဲ ပြောဆိုမှု မပါဝင်ကြောင်း ဦးဝင်းထိန်မှ ပြောသည်။

“ခင်ဗျားတို့တင်ထားတဲ့အထဲမှာ အဲဒိကိစ္စပါတောင် မပါဘူး။ ဘယ်သူထင်လည်းဆို ဟိုကောင်တွေထင်တယ်၊ ဒီကောင်တွေထင်တယ်။ ဦးနှောက်က စဉ်းစားတာ ပါးစပ်ကထွက်တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေ လုပ်တယ်ဆိုတာ စွပ်စွဲတာမပါဘူး။ စွပ်စွဲတာပါရင်တော့ ဒါကျွန်တော်အလွန်။ စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလည်း။ ဒါကတော့ ပန်းနဲ့ ပေါက်သလိုပေါ့”ဟု ဦးဝင်းထိန်က ပြောသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင် ဦးဝင်းထိန်က သတင်းမီဒီယာများအား တွေ့ဆုံခဲ့ပြီး ပါတီပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် သတင်းများ မဟုတ်မမှန်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ဧရာဝတီသတင်းဌာနမှ “ယခုကဲ့သို့ သတင်းမှားများကို မည်သူမည်သည့် အဖွဲ့များကို သံသယရှိပါသလဲ” ဆိုသည်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မေးမြန်းမှုအား ဦးဝင်းထိန်မှ “ဘယ်သူတွေကို သံသယရှိလဲဆိုတာပြောရခက်တယ်။ ဘာကြောင့်လဲဆို တော့ ကြားနေတာတွေက အများကြီး၊ ကြံ့ခိုင်ရေးကပဲလုပ်သလား၊ အချို့တပ်မတော်အဖွဲ့စည်းတွေကပဲလုပ် သလား၊ ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းဖြေဆိုချက်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုထိခိုက်စေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုအား ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.