ကိုလံဘီယာနိုင်ငံက အမျိုးသမီး စု​ဆောင်း​ငွေအားလုံးကို ဖောက်ပြန်နေတဲ့ လင်ယောက်ျား ဖြစ်သူ သုံးခွင့်မရအောင် ဝါးစား


တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံက အမျိုးသမီး တယောက်ဟာ သူမရဲ့ စု​ဆောင်း​ငွေအားလုံးကို ဖောက်ပြန်နေတဲ့ လင်ယောက်ျား ဖြစ်သူ သုံးခွင့်မရအောင် ဝါးစားပစ်လိုက်ပါတယ်။

အမျိုးသားဖြစ်သူရဲ့ သစ္စာမရှိမှုကို တွေ့ရှိ အပြီးမှာ ဆန်ဒြာမလီနာအဲလ်မီဒါ အမည်ရှိ အဲဒီ အမျိုးသမီးဟာ ငွေစက္ကူ အမေရိကန် ဒေါ်လာ ၉,၀၀၀ ကို အလျှင်အမြန်ပဲ ပါးစပ်ကနေ မျိုချခဲ့တာပါ။

အသက် ၃၀ နှစ် အရွယ် ရှိ မစ္စအဲလ်မီဒါရဲ့ ဒီ လုပ်ရပ်ကို သူမ ဝမ်းဗိုက်နာပြီး ဆေးရုံပြေးရတော့မှ အားလုံးက သိရပါတော့တယ်။

ဆရာဝန်တွေဟာ သူမရဲ့ ဝမ်းဗိုက်ကို ခွဲစိတ်ရာမှာ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ ၅၇ ရွက်ကို အစာအိမ်ထဲမှာ တွေ့ခဲ့ရပြီး အခြား ငွေစက္ကူလိပ်တွေကိုတော့ အူမကြီးထဲကို သွားတဲ့ အူသိမ်ထဲမှာ တွေ့ရတယ် ဆိုပါတယ်။

ခွဲစိတ်အပြီးမှာ မစ္စအဲလ်မီဒါရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်ပါသတဲ့။

ဒေါ်လာ ငွေစက္ကူတွေဟာလည်း အခုအခါ ဆေးကြောပြီး ပြန်လည် အသုံးပြုနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခြား ငွေစက္ကူတွေကတော့ အစာအိမ်အရည်တွေ စားသွားလို့ ပျက်စီးသွားပါပြီ။

အချစ်အတွက် စိတ်ကြီးသူ ဆန်ဒြာအဲလ်မီဒါဟာ ဗိုက်ထဲက ငွေသားစက္ကူတွေ အောင်အောင်မြင်မြင် ပြန်ထုတ်အပြီးမှာ ဇိမ်ခံအပန်းဖြေ အားလပ်ရပ် တခု ထွက်ဖို့အတွက် ငွေတွေ စုနေပါသတဲ့။

http://bbc.in/2qLeUwN

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.