ဘန်ကောက်ဗုံးကွဲမှု ၂၄ဦးထက်မနည်း ဒဏ်ရာရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့တော်က စစ်ဆေးရုံ တခုမှာ ဒီကနေ့ တနလာင်္နေ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အာဏာပိုင်တို့က ပြောဆိုပါတယ်။ ဒီကနေ့ တနလာင်္နေ့က ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ သုံးနှစ်ပြည့်မြောက်တဲ့ နေ့လည်းဖြစ်ပါတယ်။

အရပ်သားတွေလည်း တက်ရောက်ကုသနိုင်တဲ့ Phramongkutklao စစ်ဆေးရုံရဲ့ မြေညီထပ် ပေါက်ကွဲမှု ဖြစ်တဲ့နေရာကနေ ဘက်ထရီတွေနဲ့ ၀ိုင်ယာကြိုး အပိုင်းအစတွေ တွေ့ရတယ်လို့ ဒုတိယ ရဲချုပ် Srivara Ransibrahmanakul က ပြောပါတယ်။ ၂ မီတာကနေ သုံးမီတာလောက် အကျယ်အ၀န်းထိ ပေါက်ကွဲခဲ့တာလို့ ရဲက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက သုံးဦးကတော့ မျက်နှာနဲ့ လည်ပင်းတွေမှာ ပြင်းပြင်းထန်ထန် ထိထားပြီး အများစုကတော့ အနည်းငယ်သာ ဒဏ်ရာရတယ်လို့ အစိုးရ ပြောခွင့်ရ Sansern Kaewkumnerd က ပြောပါတယ်။ ဘယ်သူ့ လက်ချက်ဆိုတာကိုတော့ မသိရသေးသလို ဒီပေါက်ကွဲမှုက ၂၀၁၄ ခုနှစ်က ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့မှုနဲ့ ဆက်စပ်နေလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.